အရာတော်တွင် အပြစ်မဲ့ပြည်သူ ၁၅ ဦးအား PDF များမှသတ်ဖြတ်

စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ ငွေတွင်းကျေးရွာအား ဇူလိုင်လ နံနက် ၄ နာရီခန့်တွင် PDF အကြမ်းဖက်သမားများ၏ ပစ်ခတ်မှုကြောင့် အပြစ်မဲ့ဒေသခံပြည်သူ ၁၅ ဦးသေဆုံးပြီး သံဃာတော် ၃ ပါး အပါအဝင် အပြစ်မဲ့ပြည်သူ  ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။

ထို PDF ပူးပေါင်းအဖွဲ့များက ဧပြီ ၄ ရက်ည( ဧပြီ ၅ ရက် နံနက် ၂ နာရီခန့်) အရုဏ်မတက်မီအချိန်တွင် ငွေတွင်းကျေးရွာသို့ ဝင်လာခဲ့ပြီး ငွေတွင်းရွာအတွင်းမှ ပျုစောထီးဟု ယင်းတို့အဖွဲ့များ သတ်မှတ်ထားသူ လေးဦးနှင့် ငွေတွင်းရွာဘုန်းကြီးကျောင်းမှ အသက် ၁၂ ခန့်အရွယ်မှ အသက် ၅၀ အကြားရှိ စစ်ရှောင်သာမန်ပြည်သူ ၁၀ ဦးအပြင် ကိုရင်တစ်ပါးကို ဦးခေါင်းများအား သေနတ်ဖြင့်ပစ်ကာ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့သည်ဟု ဒေသခံတစ်ဦးထံမှ သိရှိရပါတယ်။

ထိုဖြစ်စဥ်တွင် ဦးလေးအရင်းနှင့် ညီအရင်း သတ်ဖြတ်ခံရပြီး PDF သတ်ဖြတ်မှုကြောင့် သေဆုံးရရှာသည့် အသက် ၁၅ နှစ်ခန့်ကလေးငယ်တစ်ဦး၏ အကိုဖြစ်သူကလည်း ငွေတွင်းရွာမှ သာမန်ကလေးငယ်များကို PDF များက ဝင်ရောက်သတ်ဖြတ်သွားကြောင်း ရေးသားထားကာ “ပျူတွေရှိတယ်ဆိုပြီး သတင်းပေးမှုကြောင့် ရွာက ဘုန်းကြီးကျောင်းထဲမှာ ကြောက်လို့လာအိပ်ကြတဲ့ ယောက်ျားလေးရော မိန်းကလေးရော အကုန်လုံးကိုကြိုးတုပ်ပြီး ယောက်ျားအားလုံးကို သေနတ်နဲ့ ပစ်သတ်သွားကြတာ။ ဘယ်လောက်တောင် ကြောက်နေကြရှာမလဲကွာ။ အားလုံး ၁၁ ယောက် အသတ်ခံလိုက်ရတယ်( ပို့စ်တစ်ခုတွင် Edited – ၁၅ ယောက်ပါဟု အသိပေးထား) ဦးလေးအရင်းနဲ့ ညီအရင်း ၂ယောက်စလုံး ပါသွားတယ်။ တော်ကြပါတော့ကွာ။ ကြားထဲက အပြစ်မရှိတဲ့သူတွေ အသတ်ခံရတာ များပြီ။ ဘယ်တော့များမှ ပြီးမှာလဲကွာ”ဟု ရေးသားထားပါတယ်။ အကြမ်းဖက်များ၏ သတ်ဖြတ်မှုများကြောင့် အပြစ်မဲ့ပြည်သူများ၏ သေဆုံးမှုများဟာလည်း ပိုမိုးများပြားလာနေပြီပဲ ဖြစ်ပါတယ်။