အမေရိကန်နဲ့ပြည်ပနိုင်ငံများပြည်တွင်းရေးဝင်ရောက်စွက်ဖက်ခြင်းမပြုရန် သတိပေး

အတိုက်အခံခေါင်းဆောင် ကမ်ဆိုခါကိုနိုင်ငံတော်သစ္စာဖောက်မှုဖြင့်ထောင်ချခဲ့ခြင်းကို ပြည်ပနိုင်ငံအချို့ ဝေဖန်ရှုတ်ချမှုများပြုလုပ်လာကြခြင်းအား ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က မိမိနိုင်ငံတည်ငြိမ်အေးချမ်းနေမှုကို ခြိမ်းခြောက်ဖျက်စီးလာမည့် မည်သည့်နိုင်ငံခြားသားကိုမဆို သည်းခံမည်မဟုတ်ကြောင်း မတ်၆ရက်တွင်သတိပေးလိုက်တယ်လို့ သိရပါတယ်။

ကမ္ဘောဒီးယားအတိုက်အခံပါတီ ခေါင်းဆောင်ကမ်ဆိုခါကိုမတ်၃ ရက်နေ့ဖနွမ်းပင်တရားရုံးကနိုင်ငံတော်သစ္စာဖောက်မှုဖြင့်ထောင်ဒဏ်၂၇နှစ်အပြစ်ပေးခဲ့ခြင်းဖြစ်သည်။

ကုလသမဂ္ဂနှင့်ဥရောပသမဂ္ဂတို့က ရှုတ်ချခဲ့ကြပြီး အမေရိကန်ကလည်း လုပ်ဇာတ်ဖန်တီး တရားစီရင်မှုပြုလုပ်ခဲ့ခြင်းဟု ပြောကြားခဲ့သည်။ပြင်သစ်၊ ဩဇီနှင့် ဗြိတိန်နိုင်ငံတို့ကလည်း ကမ္ဘောဒီးယားနိုင်ငံ၏ ဒီမိုကရေစီနှင့်ပတ်သက်၍ စိုးရိမ်မိကြောင်းပြောခဲ့ကြတယ်လို့သိရပါတယ်။

ဒီမိုကရေစီနှင့်လူ့အခွင့်အရေးကို ယိုးမယ်ဖွဲ့အကြောင်းပြ၊ ပြည်ပနိုင်ငံများက ပြည်တွင်းရေးကို စွက်ဖက်လာကြမည်ဆိုပါက ပြည်တွင်းစစ်ဖြစ်ပွားစေရန် ပြန်လည်ဦးလှည့်ပေးခြင်းသာဖြစ်ကြောင်း ဟွန်ဆန်ကတုံပြန်လိုက်တယ်လို့ သိရှိရပါတယ်။

Credit to Htwe Ko Tun

Ref-Bangkok Post