အမေရိကန်စစ်ရဟတ်ယာဉ် နှစ်စင်းပျက်ကျပြီး လေယာဉ်မောင်း ၃ ဦးသေဆုံး

အလက်စကာပြည်နယ်မှာ လေ့ကျင့်ရေးပျံသန်းမှုကနေ ပြန်လာချိန် အမေရိကန်ရဲ့ AH-64 Apache အမျိုးအစား တိုက်ခိုက်ရေး ရဟတ်ယာဉ်နှစ်စင်း ပျက်ကျမှုဖြစ်ပွားခဲ့တယ်လို သိရပါတယ်။ Healy ရွာအနီးပျက်ကျခဲ့ရာမှာ လေယာဉ်မှူး ၃ ဦးသေဆုံးခဲ့ပြီး တဦးဒဏ်ရာရရှိခဲ့တယ်လိုလည်း သိရပါတယ်။