အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုအခြေခံသင်တန်းဆင်းပွဲနှင့် အောင်လက်မှတ်အပ်နှင်းပွဲ ကျင်းပ

အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု အခြေခံသင်တန်း (စနေ၊ တနင်္ဂနွေ) သင်တန်း အမှတ်စဉ်(၆) သင်တန်းဆင်းပွဲနှင့် အောင်လက်မှတ်အပ်နှင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ကုန်သွယ်ရေးဦးစီးဌာန (ရန်ကုန်တိုင်း ဒေသကြီးရုံး)ရှိ ကုန်သွယ်မှုသင်တန်း ကျောင်း၌ ကျင်းပခဲ့ပါတယ်။

သင်တန်းဆင်းပွဲသို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်၊ ဦးစီးဌာနများမှ အဆင့်မြင့်အရာရှိကြီးများ၊ မြန်မာ နိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌနှင့်အသင်းအဖွဲများမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်သားသင်တန်းသူများ တက်ရောက်ကြပါတယ်။

သင်တန်းဆင်းပွဲတွင် ဒုတိယဝန်ကြီး က ပြည်တွင်း ပြည်ပ ကုန်သွယ်ရေးဆိုင်ရာ ဥပဒေများ၊ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံး၊ လုပ်နည်းများနှင့် လက်တွေ့ပိုင်းဆိုင်ရာ လုပ်ငန်းအကြောင်းအရာများကို မိမိတိုလုပ်ငန်းနယ်ပယ်တွင် ပြန်လည်အသုံးချ ခြင်းဖြင့် ကုန်သွယ်မှုကဏ္ဍဖွံဖြိုးတိုးတက် စေပြီး နိုင်ငံ၏စီးပွားရေးကဏ္ဍ ဖွံဖြိုး တိုးတက်စေရန် အထောက်အကူပြု ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားပြီး သင်တန်းတွင် ဆုရရှိကြသူများကို ဆုများပေးအပ်ချီးမြှင့်ကာ သင်တန်းသားသင်တန်းသူများကို အောင်လက်များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါတယ်။