အစ္စရေးနှင့်ဟားမတ်စ် အပစ်အခတ်ရပ်စဲရေးကြိုးပမ်းမှုများ ဆက်လက်လုပ်ဆောင်နေသည်ဟုကာတာပြော

အစ္စရေးက ဗုံးကျဲတိုက်ခိုက်မှုများကို ဆက်လက်ပြုလုပ်နေပြီး နှစ်ဘက်အပစ်အခတ်ရပ်စဲရေးညှိနှိင်းမှုအတွက် အောင်မြင်နိုင်ချေနည်းသော်လည်း အစ္စရေး – ဟားမတ်စ်အပစ်အခတ်ရပ်စဲရေးအားအကောင်အထည်ဖော်နိုင်ရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကာတာကပြောကြားခဲ့သည်။

ကာတာသည် အစ္စရေး – ဟားမတ်စ်အကြား ပထမခုနစ်ရက်တာအပစ်အခတ်ရပ်စဲရေးအတွက် အဓိကကြားဝင်စေ့စပ်ပေးခဲ့သောနိုင်ငံတစ်နိုင်ငံလည်းဖြစ်သည်။