အစာမကြေဖြစ်ခဲ့ရင် သက်သာစေမယ့် သဘာဝနည်းလမ်းများ

အစာမကြေတာက လူတိုင်း ကြုံဖူးမယ့် ကျန်းမာရေး ပြဿနာပါ။ အစာမကြေဖြစ်တဲ့အခါ ဝမ်းဗိုက် အထက်ပိုင်းတာက အောင့်သလိုလို ခံစားပြီး နေရထိုင်ရအတော်လေး မသက်မသာဖြစ်စေတာပါ။ ဒီလိုဖြစ်တဲ့အခါ ဆေးသောက်မှ သက်သာမှာလား။ အိမ်တွင်းကုထုံးတွေနဲ့ရော သက်သာအောင် လုပ်လို့ မရဘူးလားဆိုပြီး စဉ်းစားနေပြီလား။ ဒါဆိုရင်တော့ အစာမကြေဖြစ်ခဲ့ရင် သက်သာစေမယ့် သဘာဝနည်းလမ်းများ ကို ပြောပြပေးထားတာမို့ ဖတ်ကြည့်လိုက်ပါ။

အစာမကြေ ဖြစ်တယ် ဆိုတာ

အစာမကြေ ဖြစ်တယ်ဆိုတာက အစာအိမ်ထဲက အက်ဆစ် ဟန်ချက်မညီတာကြောင့် ဖြစ်ရတာပါ။ အက်ဆစ်တွေ များတာ၊ အက်ဆစ် နည်းတာတွေက အစာမကြေတာကို ဖြစ်စေနိုင်ပါတယ်။ နေ့စဉ်စားသုံးလိုက်တဲ့ အစားအစာတွေထဲမှာ ကဖင်းပါတဲ့ သောက်စရာတွေ ပါနေတာ၊ အစပ်ကဲတာ နဲ့ အက်ဆစ်များတာတွေကြောင့် အစာမကြေတာကို ဖြစ်စေတာပါ။ ဆေးလိပ်သောက်တာ၊ အရက်သောက်တာတွေကလည်း အစာမကြေတာကို ဖြစ်စေနိုင်ပါတယ်။

ဒါတွေအပြင် အသည်းရောဂါ နဲ့ သည်းခြေအိတ်ဆိုင်ရာ ကျန်းမာရေးပြဿနာတွေကြောင့်လည်း အစာမကြေတာကို ခံစားရနိုင်ပါတယ်။ အစာအိမ်မှာ ပိုးဝင်ရောက် ကူးစက်တာကြောင့်လည်း အစာမကြေတာကို ဖြစ်စေနိုင်ပါတယ်။

ဘာတွေကများ အစာမကြေဖြစ်စေတာလဲ

အစာမကြေ ဖြစ်စေတဲ့ အကြောင်းအရင်းတွေကတော့ တစ်ခုမကပါဘူး။

  • အစာတွေကို အများကြီး စားမိတာ
  • အစား မြန်မြန် စားမိတာ
  • အစပ်ကဲတာတွေ စားတာ
  • အက်ဆစ်ကဲတာတွေ စားတာ
  • ကဖင်းပါတဲ့ သောက်စရာတွေ အလွန်အကျွံ သောက်တာ
  • စိတ်ဖိစီးတာ
  • စိုးရိမ်စိတ် များတာ
  • ဆေးဝါးတွေ သောက်တာ
  • ဆေးလိပ်သောက်တာ
  • ကွမ်းစားတာ
  • ဆေးရွက်ကြီး ဝါးတာ
  • အမျှင်ဓာတ် များတာတွေ စားမိတာတွေက အစာကြေဖြစ်စေတဲ့ အကြောင်းအရင်းတွေပါ။

ဒါတွေအပြင်…

အစာအိမ် နဲ့ အူအနာတွေသည်းခြေကျောက်တည်နေတာအစာအိမ်နံရံတွေ ရောင်နေတာပန်ခရိယ ရောင်နေတာ တွေကြောင့်လည်း အစာမကြေဖြစ်နိုင်ပါတယ်။

အစာမကြေဖြစ်နေရင် ဘယ်လိုလက္ခဏာတွေ ခံစားရနိုင်လဲ

အစာမကြေဖြစ်ရင် အခုလို လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

  • ဗိုက်ထဲက တင်းတင်းကြီးနဲ့ အောင့်နေမယ်
  • လေပွနေမယ်
  • ပါးစပ်ထဲမှာ အက်ဆစ်ဓာတ်ကြောင့် ချဉ်ခါးခါးကြီး ဖြစ်နေမယ်
  • မအီမသာဖြစ်မယ်။ အော့အန်မယ်
  • ဗိုက်ထဲက ပူပူကြီး ဖြစ်မယ်။ ရင်ပူမယ်
  • ဗိုက်ထဲမှာ တဂွီဂွီ မြည်မယ်။

အစာမကြေဖြစ်ခဲ့ရင် သက်သာစေမယ့် သဘာဝနည်းလမ်းများ

အစာမကြေဖြစ်ခဲ့ရင် သက်သာစေမယ့် နည်းလမ်းများ ကတော့

ရေသောက်တာက အစာအိမ်ထဲက အက်ဆစ်ပမာဏကို ထိန်းညှိပေးပြီး အစာခြေအက်ဆစ်များတာကြောင့် အစာမကြေတာကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် အစာမကြေတာကို ခံစားရပြီဆိုရင် ဗေရအေးအေးလေး တစ်ခွက်လောက် သောက်ချပေးပါ။

  • Apple cider vinegar

ပန်းသီးရှာလကာရည်လို့ သိကြတဲ့ apple cider vinegar က အသားအရေကို ကျန်းမာစေသလို အဆီကျစေတာတင် မဟုတ်ပါဘူး။ အစာမကြေတာကိုလည်း သက်သာစေပါတယ်။ အစာခြေအက်ဆစ် နည်းနေတာကြောင့် အစာမကြေတာ ဖြစ်မယ်ဆိုရင် apple cider vinegar ကို ရေနဲ့ ဖျော်ပြီး သောက်ပေးလို့ ရပါတယ်။

ချင်းက အစာမကြေတာကို သက်သာစေမယ့် အိမ်တွင်းကုထုံး တစ်ရပ်ပါ။ အစာအိမ်အက်ဆစ်တွေကို လျှော့ချပေးပါတယ်။ အစာမ​ကြေဘူးဆိုရင် ရေနွေးဆူဆူထဲကို ချင်း တစ်ပြားလောက် ထည့်ပြီး သောက်ပေးလို့ ရပါတယ်။

  • သံပုရာရည်

သံပုရာရည်က ဗီတာမင် C ပါဝင်တာကြောင့် ကိုယ်ခံအားကောင်းစေဖို့တင် ထောက်ကူပေးတာ မဟုတ်ပါဘူး။ ကိုယ်တွင်း အဆိပ်အတောက်တွေကို ဖယ်ရှားပေးသလို အစာကြေစေဖို့လည်း ထောက်ကူပေးပါတယ်။

  • ငှက်ပျောသီး

ငှက်ပျောသီးမှာ အစာခြေစနစ်ကို ကျန်းမာစေတဲ့ အာနိသင်ရှိပါတယ်။ အမျှင်ဓာတ် ကြွယ်ဝတာကြောင့် ဝမ်းမချုပ်အောင် ကာကွယ်ပေးသလို ကိုယ်တွင်းအဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ အစာခြေစနစ်ကို သက်တောင့်သက်သာ ဖြစ်စေပြီး အစာမကြေတာကို သက်သာစေနိုင်ပါတယ်။

  • အုန်းစိမ်းရည်

အုန်းစိမ်းရည်မှာ ပိုတင်ဆီယမ် ပါဝင်မှု မြင့်တာကြောင့် အစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။ ကိုယ်တွင်း ဓာတ်ဆားဓာတ်ကို မျှတစေပြီး အစာမကြေတာကိုလည်း သက်သာစေနိုင်ပါတယ်။

ဒီနည်းလမ်းတွေက သဘာဝနည်းလမ်း‌တွေ ဖြစ်တာကြောင့် လူတိုင်းနဲ့ အဆင်ပြေချင်မှ ပြေမှာပါ။ ၁-၂ကြိမ် လုပ်ပြီးလို့ မသက်သာရင် ဆေးဝါးတွေကို မှီဝဲဖို့ အကြံပြုချင်ပါတယ်။

ညဘက်ကြီး အစာမကြေဖြစ်ခဲ့ရင်

ညစာကို အများကြီးစားမိလို့ ဖြစ်ဖြစ်၊ မြန်မြန် စားမိလို့ဖြစ်ဖြစ် အစာမကြေ ဖြစ်နိုင်သလို ညနေပိုင်း နောက်ကျမှ အီစိမ့်တဲ့ အစားအစာတွေ စားမိတာ၊ အဆီများတာ၊ အစပ်ကဲတာတွေကို စားမိတာတွေကြောင့် ညဘက်မှာ အစာမကြေတာဖြစ်နိုင်ပါတယ်။ ညဘက်မှာ အယ်လ်ကိုဟောတွေ အလွန်အကျွံ သောက်တာကြောင့်လည်း အစာအိမ်ရောင်ရာကနေ အစာမကြေတာ၊ ရင်ပူတာတွေ ဖြစ်နိုင်ပါတယ်။

ဒီလိုမျိုး ညဘက်ကြီး အစာမကြေတဲ့အခါ သက်သာစေဖို့ဆိုရင်

  • ခေါင်းကို ခပ်မြင့်မြင့်ထားပြီး လှဲပါ။
  • ဖြစ်နိုင်ရင် ခပ်မတ်မတ်လေး ထိုင်ပါ။
  • ရေနွေးအိတ်ကပ်ပေးပါ။
  • ရေနွေးနွေးလေးနဲ့ ချိုးပေးလို့လည်း ရပါတယ်။
  • လေဆေး တစ်ခုခု သောက်ပါ။
  • ရေနွေးသောက်ပေးလို့လည်း ရပါတယ်။

ဘယ်လို အခြေအနေမှာ ဆရာဝန်နဲ့ ပြရမလဲ

အစာမကြေတာက ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာဆိုပေမယ့်

  • အစာမကြေတာကြောင့် နာကျင်တာက ပြင်းထန်လာမယ်
  • အစာမကြေတာက ၂ ပတ်ကြာတဲ့အထိ မပျောက်ဘဲ ဖြစ်နေမယ်
  • အစာမကြေတာနဲ့အတူ အကြောင်းအရင်း မရှိဘဲ ဝိတ်ကျလာမယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြကြည့်ဖို့ လိုပါမယ်။

(ဟယ်လိုဆရာဝန်မှ ကူး‌ယူဖော်ပြသည်)