အင်းလေးဒေသမှထွက်ရှိသည့် ခရမ်းချဉ်သီးများ အရောင်းအဝယ်သွက်ကာ ဈေးကောင်းရရှိ

မန္တလေးမြို အောင်မြေသာစံခရိုင်ရှိ သီရိမာလာကုန်စိမ်းလက်ကား ဈေးအတွင်းသို ယခုအချိန်တွင် အင်းလေးဒေသမှ ဝင်ရောက်လာသည့် ခရမ်းချဉ်သီးများ အရောင်းအဝယ်သွက်ကာ ဈေးကောင်းရရှိနေကြောင်း အဆိုပါဈေးအတွင်းရှိ ခရမ်းချဉ်သီးပွဲရုံများထံမှ သိရသည်။

အဆိုပါ ခရမ်းချဉ်သီးများသည် ရှမ်းပြည်နယ်အတွင်းရှိ အင်းလေးဒေသမှထွက်ရှိပြီး မန္တလေးမြို သီရိမာလာကုန်စိမ်းဈေးသို တစ်ရက်လျှင် ကားအစီးရေ ၆ ဘီးကား ၂၅ စီးမှ ၃၀ စီးအထိ ပုံမှန်ဝင်ရောက်လျက်ရှိပြီး ယခုလက်ရှိအချိန်တွင် ဈေးနှုန်းများမှာလည်း အင်းသီး ၁၈ ပိဿာဝင် သေတ္တာတစ်လုံးလျှင်ငွေကျပ် ၂၇၀၀၀ မှ ၂၈၀၀၀ နှင့် ထိုင်ဝမ်ခရမ်းချဉ်သီး တစ်ပိဿာလျှင် ငွေကျပ် ၁၂၀၀ မှ ၁၄၀၀ ဈေး အထိရရှိနေကြောင်း မန္တလေးမြိုမှ အောင်ပွဲရုံပိုင်ရှင် ဦးအောင်မိုးနိုင်က ပြောသည်။

“လက်ရှိမှာတော့ ခရမ်းချဉ်သီး အဓိကစိုက်ပျိုးတဲ့ ရှမ်းပြည်နယ်ဒေသဘက်က ခရမ်းချဉ်သီးတွေ ဈေးကွက်ကို အများဆုံးရောက်ရှိလာတာပါ။ မြေပြန့်ဒေသကထွက်တဲ့ ခရမ်းချဉ်သီးတွေက ဝင်ရောက်မှု မရှိသလောက်နည်းသွားပါပြီ။ အင်းသီးကလည်း အထားခံတော့ ဈေးကောင်းရရှိနေကြပါတယ်။ တစ်နေ့ကို အင်းလေးဒေသဘက်က ကားအစီးရေ ၃၀ လောက် ပုံမှန်ဝင်ရောက်နေပါတယ်။ ခရမ်းချဉ်သီးတွေက ဈေးကောင်းပြီး အရောင်းအဝယ်ကလည်း သွက်နေပါတယ်။ အင်းလေးဒေသကပဲ လက်ရှိမှာ ဝင်ရောက်နေပါတယ်။ ကျန်တဲ့ကုန်စိမ်းသီးနှံတွေလည်း ပုံမှန်အရောင်းအဝယ် ကောင်းနေပါတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ ခရမ်းချဉ်သီးများသည် လက်ရှိအချိန်တွင် မန္တလေးဈေးကွက်သို အင်းလေးဒေသမှ နေ့စဉ်ဝင်ရောက်လျက်ရှိပြီး အရောင်းအဝယ်များကောင်းကာ ဈေးကောင်းများရရှိနေကြောင်း၊ ခရမ်းချဉ်သီးအပြင် ကျန်သည့်ကုန်စိမ်းသီးနှံများဖြစ်သော ပန်းမုံလာ၊ ဂေါ်ဖီထုတ်၊ ဘိုစားပဲ၊ မုန့်ညင်းဖြူ၊ ခရမ်းသီး၊ ဂေါ်လခါးသီး၊ အာလူးနှင့် ကြက်သွန်များလည်း ပုံမှန်အနေအထားဖြင့် အရောင်းအဝယ်များ ကောင်းနေကြောင်း သိရသည်။

crd to မင်းထက်အောင်(မန်းကိုယ်ပွား)