အကြမ်းဖက် PDF များ၏ သတ်ဖြတ်မှုကြောင့် သေဆုံး/ဒဏ်ရာရရှိခဲ့သည် ပညာရေးဝန်ထမ်းများ

NUG ရဲ့မြှောက်ပင့်ပေးနေမှုကို လိုက်လုပ်နေတဲ့ KIA/KNU/PDF တွေရဲ့ စာသင်ကျောင်းတွေကို ဗုံးခွဲဖျက်ဆီးမှု၊ ဆရာ/ ဆရာမတွေကို အကြမ်းဖက်သတ်ဖြတ်ခံရမှုစာရင်းများကို ဖော်ပြထားပါတယ်။

အဆိုပါ ဖြစ်ရပ်အများဆုံးဖြစ်ပွားနေသည့်တိုင်းများအနေဖြင့် စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းတွင် ဆရာ/ဆရာမ (၂၇) ဦး၊ မကွေးတိုင်းတွင် (၁၆) ဦး အသတ်ခံခဲ့ရပြီး ဖျက်ဆီးခံရတာတွေလည်း အများကြီးရှိနေပါတယ်။ ဒီလိုဖြစ်နေရတဲ့အကြောင်းအရင်းနောက်ကွယ်ကတော့ KIA ရဲ့ ကြိုတင်ကြံစည်ထားသည့် အကြံကြောင့်ပဲ ဖြစ်ပါတယ်။

KIA ဆိုတာ လိုင်ဇာ၊ မိုင်ဂျာယန်စတဲ့ ဒေသတွေမှာ ကချင်(ဂျမ်းဖော)လူမျိုးတွေအတွက် ကျောင်းကောင်းကောင်းတွေဆောက်ပြီး ပညာရည်မြင့်ဖို့ နိုင်ငံခြားကျောင်းတွေနဲ့ ချိတ်ဆက်လုပ်နေတာကို တွေ့မြင်ကြရမှာဖြစ်ပြီး စစ်ကိုင်း/မကွေးတိုင်းထဲကရှိတဲ့ ဗမာတွေကိုတော့ ပညာမဲ့ဖြစ်အောင်၊ အနာဂတ်မဲ့အောင် စာသင်ကျောင်းတွေကို ဗုံးခွဲဖျက်ဆီးတယ်၊ ဆရာ/ဆရာမတွေကို ခြိမ်းခြောက် သတ်ဖြတ်နေတာကို စိတ်မကောင်းစွာမြင်တွေ့နေရပါတယ်။