အကြမ်းဖက် KNU/PDF အဖွဲ့က ကျုံအိတ်တံတားအား ဒရုန်းဗုံး၊ ၄၀ မမများဖြင့် ပစ်ခတ်တိုက်ခိုက်

ဩဂုတ်လ ၂၁ ရက် မနက် ၈ နာရီခွဲတွင် ဘီးလင်းမြို့နယ်၊ ကျုံအိတ်တံတား လုံခြုံရေး ကင်းစခန်းအား အကြမ်းဖက် KNU/PDF ပူးပေါင်းအဖွဲ့က. Drop ဗုံး ၆ လုံး ကျဲချတိုက်ခိုက်ခဲ့ပြီး ၄၀ မမ ၄ လုံး ပစ်ခတ်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် လုံခြုံရေးအဖွဲ့များ ထိခိုက်မှုမရှိသော်လည်း သွားလာရေးလမ်းကြောင်း ခေတ္တရပ်တန့်သွားခဲ့သည်။

အကြမ်းဖက်သမားများအနေဖြင့် လုံခြုံရေးအဖွဲ့များကို တိုက်ချင်ပါက ညဘက်တိုက်လို့ ရနေသော်လည်း ယခုလို အများသူငါ သွားလာချိန် တိုက်ခိုက်မှုပြုလုပ်ခြင်းသည် အခြားရည်မှန်းချက်များ ရှိနေသလားဟု သံသယတောင် ဝင်ချင်စရာ ဖြစ်လာနေပါတယ်။