အကြမ်းဖက်အဖွဲ့များသယ်ဆောင်လာသည့်လက်နက်/ ခဲယမ်းများ သိမ်းဆည်းရမိ

လက်နက်၊ ခဲယမ်းနှင့် ဖောက်ခွဲဖျက်ဆီးရေး ပစ္စည်းများ သယ်ဆောင်လာသည့် PDFအကြမ်းဖက်အဖွဲ့များ ရောက်ရှိနေကြောင်း တပ်မတော်မှ သိရ၍ ကျောက်မဲခရိုင်၊ နမ့်ဆန်မြို့နယ်၊ ကုန်းသာရွာအနီးသို့ တပ်မတော်စစ်ကြောင်းများက သိမ်းဆည်းရမိရေးအတွက် လေကြောင်းချီစစ်ဆင်ကာထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူ တို့ထံမှ အလောင်းများနှင့် လက်နက်၊ ခဲယမ်းများ၊ ဖောက်ခွဲဖျက်ဆီးရေး ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ပြီး ပစ္စည်းအချို့အား သိမ်းဆည်းရမိခဲ့သည့်နေရာတွင် ဖောက်ခွဲဖျက်ဆီးခဲ့သည်။

ဒေသခံတိုင်းရင်းသား ပြည်သူများအနေဖြင့် အကြမ်းဖက်လုပ်ရက်များကို လက်ခံမှုမရှိဘဲ သတင်းများအား ပေးပို့ခဲ့မှုကြောင့်သာ အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်မည့် လက်နက်၊ ခဲယမ်းများကိုသိမ်းဆည်းရမိခဲ့ပြီး အကြမ်းဖက်အဖွဲ့များ၏ လှုပ်ရှားမှုသတင်းများ ရရှိပါက လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လျှို့ဝှက်စွာ သတင်းပေးပို့နိုင်ရန်နှင့် ရပ်ရွာတည်ငြိမ် အေးချမ်းအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်း ဆောင်ရွက်ပေးနိုင်ပါရန် သတင်းထုတ်ပြန်အပ်ပါသည်။