အကြမ်းဖက်သမားများကို လက်မခံတော့တဲ့ ပအိုဝ်းဒေသ

ဆီဆိုင်၊ ဟိုပုံးနယ်မြေမှာ PNLA နဲ့ KNDF တွေ ထိခိုက်ကျဆုံး၊ ဒဏ်ရာရသူတွေ များပြားလှပြီး ဆီဆိုင်မြို့ကနေ ဆုတ်ခွာထွက်ပြေးနေရပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်များရဲ့ တန်ပြန်ဒရုန်းတိုက်ခိုက်မှု၊ PNLA, KNDF တွေရဲ့ တပ်တည်နဲ့ တပ်လှုပ်ရှားမှုတွေကို ဒေသခံပအိုဝ်းတွေက တပ်ကို သတင်းအဆက်မပြတ်ပေးမှုများကြောင့် ယခုလို ထိခိုက်ဆုံးရှုံးမှု များနေရခြင်း ဖြစ်ပါတယ်။

အထူးသဖြင့် တည်ငြိမ်အေးချမ်းခဲ့တဲ့ ပအိုဝ်းနယ်မြေမှာ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားပြီး မြို့၊ ရွာများ ပျက်စီးရခြင်းဟာ သစ္စာဖောက်ခွန်သူရိန် PNLO ခွဲထွက်အဖွဲကြောင့် ပဒေါင်၊ ကယန်း KNDF တွေ ရောက်ရှိ လာပြီး ဒေသခံပြည်သူတွေ စစ်ဘေးသင့်ခဲ့ခြင်းကို မကျေနပ်တဲ့ PNO အဖွဲများနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များရဲ့ ပူးပေါင်းတိုက်ခိုက်ခံခဲ့ရလို့ ဖြစ်ပါတယ်။

PNLA အဖွဲအနေနဲ့ KNDF များ ထိခိုက်ဆုံးရှုံးမှုများကို မျက်နှာပျက်ခဲ့ရပြီး ဒေသခံပြည်သူများကို ခြိမ်းခြောက် သတ်ဖြတ်မှုတွေ လုပ်လာသလို KNDF အဖွဲ့များကလည်း မြို့ရွာများကို မီးရှို့ဖျက်ဆီး၊ စစ်ရှောင်ပြည်သူများရဲ့ အဖိုးတန်ပစ္စည်း ခိုးယူခြင်းများ ပြုလုပ်ခဲ့ကြလို့ ပြည်သူအများရဲ့ ရွံရှာမုန်းတီးမှုတွေကို ပိုမိုခံနေရခြင်း ဖြစ်ကြောင်း သိရှိရပါတယ်။ # ခင်ညိုချော