အကြမ်းဖက်သမားတို့၏ လက်ချက်ဖြင့် နေ့စဉ်သေဆုံးနေရသည့် အပြစ်မဲ့ပြည်သူများ

-ဇန်နဝါရီလ ၁၅ ရက် ၁၂၃၀ နာရီတွင် စစ်ကိုင်းမြို့၊ ဒါးဝယ်ဈေးရပ်ကွက်နေ ဦးသန်းဝင်းဌေး(၆၄)နှစ် သည် မြေးဖြစ်သူ ကိုခန့်ခန့် (၂၄)နှစ်နှင့်အတူ နေအိမ်၌ ရှိနေစဉ် အကြမ်းဖက်သူ ၄ ဦးမှ ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ဦးသန်းဝင်းဌေးတွင် ဝမ်းဗိုက် ကျည်ဖောက်ဝင်ဒဏ်ရာ(စိုးရိမ်ရ)၊ ကိုခန့်ခန့်တွင် ရင်အုံ ကျည်ဖောက်ဝင်ဒဏ်ရာ(စိုးရိမ်ရ) ရရှိခဲ့သဖြင့် စစ်ကိုင်းမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရှိရ။

-ဇန်နဝါရီလ ၁၅ ရက် ၀၆၀၀ နာရီတွင် မိုးကုတ်မြို့နယ်၊ ကသဲကျေးရွာနေ ဦးချစ်ဝေ(၆၉)နှစ်သည် ဇနီးဖြစ်သူနှင့် အတူ နေအိမ်၌ ရှိနေစဉ် အကြမ်းဖက်သူ ၆ ဦးမှ လက်နက်ငယ်များ ကိုင်ဆောင်ရောက်ရှိလာပြီး ဦးချစ်ဝေအား ဖမ်းဆီးခေါ်ဆောင်၍ နေအိမ်ရှေ့လမ်းပေါ်၌ လည်ပင်းအား ဓားဖြင့်ခုတ်၍ သတ်ဖြတ်ခဲ့ရာ ဦးချစ်ဝေတွင် ဦးခေါင်းပြတ် ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရ။

-ဇန်ဝါရီလ ၁၅ ရက် ၁၃၃၀ နာရီတွင် နွားထိုးကြီးမြို့နယ်၊ ရွာကြီးကျေးရွာနေ ဒေါ်စန္ဒာစိန် (၄၅)နှစ်သည် နေအိမ်၌ ရှိနေစဉ် အကြမ်းဖက်သူ ၅ ဦးမှ ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ဒေါ်စန္ဒာစိန်တွင် နဖူး၊ ခါးဝဲဘက်၊ ဝဲဒူး ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံး ခဲ့ကြောင်း သိရှိရ။

-ဇန်နဝါရီလ ၁၅ ရက် ၁၆၄၅ နာရီတွင် နတ်မောက်မြို့နယ်၊ မြင်းတဲကြီးကျေးရွာနေ ဦးခင်မောင်ဝင်း(၆၀)နှစ်သည် နေအိမ်၌ ရှိနေစဉ် အကြမ်းဖက်ကျား ၁၅ ဦးမှ ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး ဦးခင်မောင်ဝင်းအား ဓားဖြင့် ခုတ်၍ သတ်ဖြတ်သွားခဲ့ရာ ဦးခင်မောင်ဝင်းတွင် ဦးခေါင်း၊ ဒူးနှစ်ဖက်၊ ယာလက်မောင်း ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရှိရ။

-ဇန်ဝါရီလ ၁၅ ရက် ၁၉၀၀ နာရီတွင် မြစ်သားမြို့နယ်၊ မင်းဝန်ကျေးရွာနေ ဦးရဲဆွေ(၅၅)နှစ်သည် နေအိမ်၌ ရှိနေစဉ် အကြမ်းဖက်သူ ကျား ၃ ဦး၊ မ ၁ ဦးမှ ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး လက်နက်ငယ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ဦးရဲဆွေတွင် ဦးခေါင်း၊ ဝမ်းဗိုက် ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရ။

-ဇန်နဝါရီလ ၁၅ ရက် ၁၈၃၀ နာရီတွင် စဉ့်ကူးမြို့နယ်၊ ဆည်သည်(တ)ကျေးရွာနေ ငွေစိုးသန်း(၃၁)နှစ်သည် လက်ပန်လှ ကျေးရွာအနီးရှိ တောင်ယာတဲ၌ ရှိနေစဉ် အကြမ်းဖက်အဖွဲ့ ကျား ၅ ဦးမှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ရာ ငွေစိုးသန်းတွင် ဝမ်းဗိုက်၊ ဦးခေါင်း၊ ယာလက်ဖျံ ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံး ခဲ့ကြောင်း၊ ၎င်းနောက် အကြမ်းဖက်သူများသည် စဉ့်ကူးမြို့မှ ခမ်းပါးကျေးရွာသို့ သွားရောက်မည့် ဖိုးဇော် (၃၀)နှစ်၊ ခမ်းပါးကျေးရွာနေသူ၏ (၆)ဘီးယာဉ်အား တားဆီး၍ ဖိုးဇော်အား ခြိမ်းခြောက်ပြောဆိုကာ ငွေစိုးသန်း၏ အလောင်းအား မော်တော်ယာဉ်ပေါ်တင်ဆောင်၍ စဉ့်ကူးမြို့နယ်၊ ပင်လယ်ကြီးကျေးရွာအနီးရှိ ပင်လယ်ကြီး ပူးပေါင်းစစ်ဆေးရေးဂိတ်သို့ ပို့ဆောင်ခိုင်းခဲ့ကြောင်း သိရှိရ။

-ဇန်နဝါရီလ ၁၅ ရက် ၁၈၃၀ နာရီတွင် စဉ့်ကူးမြို့နယ်၊ ခတက်ချဉ်ကုန်းကျေးရွာအုပ်စု၊ စိုက်ကွင်းကျေးရွာရှိ မဟာဗောဓိ ဘုန်းကြီးကျောင်း၌ ဒုလ္လာပရဟန်းဝတ်လျက်ရှိသော ခတက်ချဉ်ကုန်းကျေးရွာ ဦးသန့်ဇင်(၄၉)နှစ်သည် မဟာဗောဓိဘုန်းကြီးကျောင်းကျောင်း၌ ရှိနေစဉ် အကြမ်းဖက်အဖွဲ့ ကျား ၇ ဦးခန့်မှ ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး လက်နက်ငယ်ဖြင့် ပစ်ခတ်၍ ထွက်ပြေးခဲ့ရာ ဦးသန့်ဇင်တွင် ဝမ်းဗိုက် ကျည်ဖောက်ဝင်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း သိရှိရ။

-ဇန်နဝါရီလ ၁၅ ရက် ၁၀၃၀ နာရီတွင် ညောင်လေးပင်မြို့နယ်၊ ညောင်လေးပင် – မဒေါက်ကားလမ်း၊ အင်းဝိုင်းကျေးရွာနှင့် ပုဇွန်မြောင်းကျေးရွာကြား၌ ဖိုးမှန်(ခ)စိုးမင်းထွေး(၂၈)နှစ်၊ တောင်ဘက်ကျေးရွာနေသူ မောင်းနှင်ပြီး ခရီးသည်    ၃ ဦး လိုက်ပါလာသည့် သုံးဘီးဆိုင်ကယ်အား အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ)မှ လက်နက်ငယ်ဖြင့် ၁၀ ချက်ခန့် ပစ်ခတ်ခဲ့ရာ ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည်များအနက် ဒေါ်နီနီအေး(၅၃)နှစ်၊ တောင်ဘက်ကျေးရွာ နေသူတွင် ဝမ်းဗိုက်၊ နောက်ကျော၊ ဝဲပေါင် ကျည်ဖောက်ဝင်ဒဏ်ရာ(စိုးရိမ်ရ)ရရှိခဲ့သဖြင့် ပဲခူးမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရှိရ။

-ဇန်နဝါရီလ ၁၅ ရက် ၁၄၅၀ နာရီတွင် ကျောက်တံခါးမြို့နယ်၊ ပဲခူးစုကျေးရွာနေ ဦးအောင်ကျော်ဆန်း(၄၅)နှစ်နှင့် သမီးဖြစ်သူ မစုမြတ်သော်တာ(၁၉)နှစ်တို့သည် ကျေးရွာအနီးရှိ ၎င်းတို့၏ ပဲစိုက်ခင်း၌ ဆေးဖျန်းရန် ရောက်ရှိနေစဉ် အကြမ်းဖက်သမား ကျား ၂ ဦးမှ သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးခဲ့ရာ ဦးအောင်ကျော်ဆန်းတွင် ဦးခေါင်း၊ နောက်ကျော  ကျည်ဖောက်ဝင်ဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး မဆုမြတ်သော်တာတွင် ဝဲလက်မောင်း၊ ယာလက်ဖျံ ကျည်ထိမှန် ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် သေဆုံး/ဒဏ်ရာရရှိသူများအား ကျောက်တံခါးမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ခဲ့ကြောင်း သိရှိရ။