ဟိုပုံးမြို့နယ်၊ စံဖူးရွာ ဖြစ်စဉ်မှန်

ဇန်နဝါရီ ၂၁ ရက်၊ မနက်ပိုင်းမှာ ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ စံဖူးရွာလမ်းဆုံမှာ လက်နက်မှောင်ခိုအဖွဲ့က ၎င်းတို့သယ်ဆောင်လာတဲ့ လက်နက်/ခဲယမ်းကားများအား မီးရှို့ထွက်ပြေးသဖြင့် ခဲယမ်းများပေါက်ကွဲပြီး နေအိမ် ၂၇ လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ SSPP/SSA (ဝမ်ဟိုင်း)အဖွဲ့မှ ကယား PDF များထံ ရောင်းချလိုက်သော လက်နက်/ခဲယမ်းများ တင်ဆောင်လာသည့် ကား ၅ စီးသည် မိုင်းပြင်း-ဖာလဲမှတစ်ဆင့် ကယားပြည်နယ်သို့ ဝင်ရောက်မည်ဖြစ် ကြောင်း ပြည်သူတစ်ဦးက လျှို့ဝှက်သတင်း ပေးပို့ခဲ့ပါသည်။ လက်နက်သယ်ဆောင်ပေးသူများသည် PNLO/ PNLA ယူနီဖောင်းဝတ် ၃၀ ဦးခန့်ဖြစ်ကြောင်း ထပ်မံသိရှိခဲ့ရပါသည်။

အဆိုပါလက်နက်သယ်အဖွဲ့သည် စစ်ဆေးရေးဂိတ်များကို ရှောင်ကွင်း၍ တောလမ်းအတိုင်း မောင်းနှင်နေ ကြောင်း ကင်းထောက်သိရှိရသဖြင့် နယ်မြေခံစစ်ကြောင်းများ၊ PNO အဖွဲ့ဝင်များပူးပေါင်း၍ အဖွဲ့များခွဲပြီး လိုက်လံပိတ်ဆို့ရာ ဟိုပုံးမြို့နယ်၊ စံဖူးရွာလမ်းဆုံတွင် ယနေ့မနက်ပိုင်းက ပိတ်ဆို့နိုင်ခဲ့ပါသည်။

ပိတ်ဆို့ထားသည့် စစ်ကြောင်းများမှ လက်နက်ချရန် ပြောဆိုသော်လည်း လက်နက်မှောင်ခိုအဖွဲ့သည် လက်နက်/ခဲယမ်းကားများကို မီးရှို့ထွက်ပြေးမှုကြောင့် လက်နက်ကြီးကျည်ဆန်များ၊ ခဲယမ်းများ ပြင်းထန်စွာ ပေါက်ကွဲသွားခဲ့ပြီး နေအိမ် ၂၇ လုံး မီးလောင်ပျက်စီးခဲ့ပါသည်။

မီးလောင်ပျက်စီးသွားသည့် ကားများပေါ်မှ
(၁) လက်နက်ငယ် ၅၂၆ လက် (မီးကျွမ်း)
(၂) 107 ရှော့တိုက်ဒုံး ၂၀ (မီးကျွမ်းပြီး အခွံကျန်)
(၃) RPG ဒုံးသီး အမြောက်အများ (မီးကျွမ်း)
(၄) 5.56 ကျည် ၃၀၀၀၀ ကျော် (မီးကျွမ်း)
(၅) စိစစ်ဆဲ ခဲယမ်းအမြောက်အများ (မီးကျွမ်း)

မီးလောင်ကျွမ်းခဲ့ပြီး ဖြစ်စဉ်တွင် PNLA ယူနီဖောင်းဝတ် အလောင်း ၁ လောင်း၊ ၁ လက် သိမ်းဆည်းရမိခဲ့သည်။

မီးလောင်သော နေအိမ်များအား စစ်ကြောင်းများနှင့် မီးသတ်အဖွဲ့များ ပူးပေါင်းငြိမ်းသတ်ခဲ့ရကြောင်း သိရှိရပါသည်။