သူရဲကောင်းစစ်သည်များ ဂုဏ်ပြုပွဲအား နေပြည်တော်သူရဲကောင်း ဗိမာန်တွင်ကျင်းပမည်

ခေတ်အဆက်ဆက်က တိုင်းပြည်အတွက်အသက်စွန့်ခဲ့ကြတဲ့ သူရဲကောင်းစစ်သည်တွေကို အမှတ်တရအလေးပြုကြသည့်ပွဲ၊အမှတ်တရပန်းစည်းတွေ၊ပန်းခြင်းတွေနဲ့ဂုဏ်ပြုကြတဲ့ပွဲ၊ ငြိမ်းချမ်းရေးသင်္ကေတ ချိုးဖြူငှက်တွေလွှတ်ပေးကြတဲ့ပွဲအား နေပြည်တော် သူရဲကောင်းဗိမာန်မှာ ကျင်းပမှာ ဖြစ်ပါတယ်။

အဆိုပါပွဲကို ၂၀၁၄ ခုနှစ်က စပြီး နှစ်စဥ် ဒီဇင်ဘာလရောက်တိုင်း ရန်ကုန်မြို့က သူရဲကောင်းစစ်သည်ဗိမာန်မှာ (၇)ကြိမ်တိုင်ကျင်းပခဲ့ပြီး ၂၀၂၁ခုနှစ်ကစ၍ နေပြည်တော်ရှိ သူရဲကောင်းဗိမာန်မှာ အဌမအကြီမ်  နဲ့ နဝမအကြိမ်ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

ယခုနှစ်၂၀၂၃ ခုနှစ်ဒီဇင်ဘာလ(၃)ရက်(တနင်္ဂနွေနေ့)မှာကျင်းပပြုလုပ်မယ့် (ဒဿမ)အကြိမ်မြောက် အခမ်းအနားကိုလည်း နေပြည်တော်က သူရဲကောင်းဗိမာန်မှာ ပြုလုပ်မှာဖြစ်ပါတယ်။

တပ်မတော်ချစ်မြတ်နိုးသူများအနေဖြင့် အစဥ်အလာမပျက် လာရောက်ဂါရဝပြုနိုင်ကြပါရန် ဖိတ်ကြားထားကြောင်းလည်း သိရှိရပါတယ်။