သီပေါ-နမ္မတူလမ်းရှိ မိုးတေတံတားအား အကြမ်းဖက်သမားများမှ မိုင်းခွဲဖျက်ဆီး

သီပေါ-နမ္မတူလမ်းကို ဆက်သွယ်ထားတဲ့ မိုးတေတံတားကို အကြမ်းဖက် TNLA ပလောင်အဖွဲ့မှ ယနေ့နံနက်ပိုင်းတွင် မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း သိရှိရပါတယ်။ အကြမ်းဖက် TNLAနှင့် မြောက်ပိုင်းလက်နက်ကိုင်များအနေဖြင့် ဒေသတွင်းရှိ လမ်းတံတားများကို ဖောက်ခွဲဖျက်ဆီးလျက်ရှိတာကြောင့် ဒေသခံပြည်သူများအနေဖြင့် လမ်းပန်းဆက်သွယ်ရေးများခက်ခဲလျက်ရှိပြီး စားရေရိက္ခာအခက်အခဲများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရပါတယ်။