သာစည်မြို့နယ်တွင် မူးယစ်ဆေးဝါးများ သိမ်းဆည်းရရှိ

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ ငွေကျပ်သိန်း ၉၅၀၀ တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၁၀၀၊ အလေးချိန် ၃၈ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်အောက် တိုဘာ ၁၄ ရက် နံနက် ၇ နာရီတွင်မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီးတွင် တောင်ကြီးမှ စစ်ဆေးသာစည်ဘက်သို့ တင်မောင် မောင်းနှင်လာသည့် CELSIOR ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ် ပေါ်မှ ငွေကျပ်သိန်း ၉၅၀ဝ တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၁၀၀၊ အလေးချိန် ၃၈ ကီလို သိမ်း ဆည်းရမိခဲ့ပြီး ဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ ဘိန်းဖြူဘလောက်တုံးများကို ညောင်ရွှေ မြို့နယ်မှ တပ်ကုန်းမြို့နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ် ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရှိရပါတယ်။

CRD; PAN