ဝက်နံရိုးမီးတောက် ချက်စားကြရအောင်

ချစ်တို့ရေ ချဥ်ချဥ်စပ်စပ်လည်း စားချင်တယ် အသားလည်း ဖြစ်ရမယ်ဆိုရင်တော့
ဝက်နံရိုးမီးတောက် ချက်စားလို့ ရတယ်နော်။
ခုနောက်ပိုင်း ဆိုင်တော်တော်များများမှာလည်း ဝက်နံရိုးမီးတောက် မီနူးပါပါတယ်။
ဆိုင်မှာ ဈေးကြီးကြီးပေးပြီး မစားချင်ဘူးဆိုရင် အိမ်မှာတင် ချက်စားလို့ ရတယ်နော်။
ပါဝင်ပစ္စည်းတွေကတော့
၁။ ဝက်နံရိုး- (၅၀) သား
၂။ ငရုတ်သီး- အစပ်စားနိုင်သလောက်
၃။ ရှာလကာရည်- လက်ဖက်စားဇွန်း(၁) ဇွန်း
၄။ ဆား-အနည်းငယ်
၅။ သံပုရာသီး- (၁) လုံး
၆။ နံနံပင်- တစ်စည်း
၇။ ကြက်သားမှုန့်- အနည်းငယ်
၈။ ဂျင်း- အနည်းငယ်တို့ပဲဖြစ်ပါတယ်။
ချက်ပြုတ်နည်း
(၁) ပထမဦးဆုံး ဝက်နံရိုးကို ရေစင်အောင် ဆေးပါ။ ဝက်နံရိုး နူးအိနေဖို့နဲ့ အရသာဝင်ဖို့အတွက်
ဂျင်း၊ ဆား၊ ကြက်သားမှုန့်နဲ့ ရှာလကာရှည်တို့ ထည့်ပြီး (၁၅) မိနစ်လောက် နှပ်ထားပါ။
(၂) နှပ်ထားတုန်းမှာ ရေနွေးတည်ထားပါ။ နောက်ပြီး နံနံပင်နဲ့ ငရုတ်သီးကို ကြိတ်ထားပါ။
(၃) ရေနွေးဆူလာပြီဆိုရင် နှပ်ထားတဲ့ ဝက်နံရိုးတွေကို ထည့်ပြုတ်ပါ။ ဝက်နံရိုး နူးအိတဲ့အထိ
ရေခဏခဏ ထည့်ပြီး ပြုတ်ထားပါ။
(၄) ဝက်နံရိုးတွေ ကိုယ်ကြိုက်တဲ့အနေအထားအထိ နူးအိလာပြီဆိုရင်တော့ ဆယ်ထားပြီး၊
ပြုတ်ရည်ထဲကို ခုနက ကြိတ်ထားတဲ့ နံနံပင်နဲ့ ငရုတ်သီးထည့်ပါ။
(၅) ရေနွေးပွက်ပွက် ဆူလာပြီဆိုရင် သံပုရာရည်ညှစ်ထည့်ပါ။ ပြီးရင်တော့ ဝက်နံရိုးပေါ်ကနေ အဲဒီအရည်ကို
လောင်းချပြီး စားလို့ရပါပြီရှင်…
ဆောင်းလဲဝင်လာပြီဆိုတော့ ချဥ်စပ်ရှူးရှဲလေးစားဖို့ မြန်မြန်လေးလုပ်စားလိုက်တော့နော်။