လူငယ်ကြယ်ပွင့် ၃ ဦးနှင့် အစားထိုးခဲ့သည့် အင်္ဂလန်အသင်း

အင်္ဂလန်လက်ရွေးစင်အသင်းတွင် ပထမဆုံးအကြိမ် ရွေးချယ်ခံရသည့် ချယ်လ်ဆီးတိုက်စစ်ကစားသမား ကိုးလ်ပါလ်မာ၊ မန်စီးတီးနောက်ခံလူ ရီကိုလူးဝစ်နှင့် အက်စတွန်ဗီလာနောက်ခံလူ ကွန်ဆာတို့သည် နိုဝင်ဘာလ ၁၃ ရက်က နိုင်ငံအသင်းနှင့်
လာရောက်ပူးပေါင်းခဲ့သည်။

အင်္ဂလန်အသင်းလူစာရင်းမှ မတ်ဒီဆန်၊ လူးဝစ်ဒန့်နှင့် ဝီလ်ဆင်တို့ နုတ်ထွက်ခဲ့သဖြင့် ယင်းလူငယ်ကြယ်ပွင့် (၃)ဦးနှင့် အစားထိုးခဲ့ခြင်းဖြစ်သည်။

Photos: England Football Team