လုံခြုံရေးတပ်ဖွဲ့ဝင် ၅ ဦးသေပြီး ၂၀ ဦးခန့်ဒဏ်ရာရတယ်လို့ Khit Thit မှ သတင်းအမှားရေး

ဇူလိုင်လ ၁၇ ရက် နံနက် ၅ နာရီခန့်က စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဟန်လင်းမြို့ဟောင်း၌ တပ်စွဲထားသော စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးပြီး ပျူစောထီး ၂၀ ခန့်ဒဏ်ရာရရှိကာအရှင်ဖမ်းမိသူများလည်းရှိကြောင်း Khit Thit မှ ရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဇူလိုင်လ ၁၇ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဟန်လင်းမြို့ဟောင်း၌ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PDF များတိုက်ပွဲဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များထိခိုက်မှုမရှိသလို အရှင်ဖမ်းဆီးခံရခြင်းလည်းမရှိကြောင်း ဒေသတွင်းသတင်းပေးချက်များအရသိရှိရပါတယ်။ Khit Thit မှ ဖြစ်စဉ်အမှန်မရေးဘဲ တပ်မတော်ကိုအပုတ်ချကာ လုံခြုံရေးတပ်ဖွဲ့ဝင် ၅ ဦးသေဆုံး၊ ၂၀ ဦးခန့်ဒဏ်ရာရပြီး အရှင်ဖမ်းမိသူများလည်းရှိတယ်လို့ သတင်းအမြတ်ထုတ်ရေးသားထားခြင်းသာဖြစ်ပါတယ်။

Disinformation

FACT-CHECK