လိုင်ဇာမြို့မှာ တပ်မတော်ကလက်နက်ကြီးနဲ့ ပစ်ခတ်တယ်လို့ သတင်းအမှားရေး

အောက်တိုဘာလ ၉ ရက်နေ့ ည၁၁ နာရီကျော်အချိန် ကချင်ပြည်နယ်၊ KIA/KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့မှာ တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ရာ ကလေးငယ် ၁၃ ဦး အပါအဝင် ပြည်သူ ၃၂ ဦး ထက်မနည်းသေဆုံးပြီး ဒဏ်ရာရရှိသူလည်းများပြားကြောင်း Khit Thit မှ ရေးသားထားတာတွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ အောက်တိုဘာလ ၉ ရက်နေ့တွင် ကချင်ပြည်နယ်၊ KIA/KIO ဌာနချုပ်ရှိရာ လိုင်ဇာ့ တပ်မတေ်က လက်နက်ကြီးနဲ့ပစ်ခတ်မှုမရှိသလို လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်း မရှိကြောင်းနှင့် ၎င်း့ဌာနချုပ်ရှိရာနေရာတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ခဲယမ်းတိုက်များ ပေါက်ကွဲကာ KIA တပ့်ဝင်များနှင့် ၎င်းတို့အားပေးထောက်ခံသူတစ်ချို့သေဆုံးခဲ့ကြောင်း ဒေသအတွင်းသတင်းများအရသိရှိခဲ့ရပါတယ်။ Khit Thit မှ ဖြစ်စဉ်အမှန်မရေးဘဲ KIA ရဲ့ပေါ့ဆမှုကြောင့် ခဲယမ်းတိုက်ပေါက်ကွဲတဲ့ဖြစ်စဉ်ကို ဖုံးကွယ်ပြီး တပ်ကပဲ လက်နက်ကြီးနဲ့ပစ်သလိုလို လေယာဉ်နဲ့ပစ်ပစ်သလိုလို သတင်းအမှားဖြင့် တပ်ကိုတမင်အပုတ်ချကာ ရေးသားထားခြင်းဖြစ်ပါသည်။