ရှေ့တန်းရောက်လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ပြည်သူ့မေတ္တာများ

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသည့် ရှေ့တန်းရောက် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင်များက ဂုဏ်ပြုချီးမြှင့်ငွေ သိန်း ၃၀၀ နှင့် ငွေကျပ် သိန်း ၆၀၀ ကျော်တန်ဖိုးရှိ စားသောက်ဖွယ်ရာများကို ဖေဖော်ဝါရီ ၂၆ ရက်က လာရောက်ဂုဏ်ပြုပေးအပ်ခဲ့သည်ဟု သိရပါတယ်။ အဆိုပါ ဂုဏ်ပြုချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာများအား လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ဝယ်အရောက် ဆက်လက်ပိုဆောင်ပေးသွားမည်ဖြစ်ပါတယ်။