ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ရခိုင်ပြည်နယ် တိုက်ပွဲသတင်းများ

၂၆ / ၂ / ၂၀၂၄ ရက်နေ့ 💥💥💥💥💥💥💥

(စစ်တွေမြို့နယ်)
စစ်တွေ – ပုဏ္ဏားကျွန်းလမ်းပိုင်းအား ရထားသံလမ်းများဖြင့် ပိတ်ဆိုထားပြီး ဒေသခံပြည်သူများ သွားလာလှုပ်ရှားမှု အခက်အခဲဖြစ်စေရန် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေသည့် AA အကြမ်းဖက်အဖွဲ့အား ယမန်နံနက်ပိုင်းမှစ၍ တပ်စစ်ကြောင်းများမှ စတင်ရှင်းလင်းတိုက်ခိုက်လျက်ရှိရာ ယနေ့နံနက်ပိုင်းမှ လက်ရှိ အချိန်ထိ အမြင့်ကျွန်းတံတားနှင့် ကွမ်းတောင်ရွာကြားရှိ AA အကြမ်းဖက် အဖွဲ့ဝင်များအား Drop Bomb များ၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ရှင်းလင်းနေသဖြင့် နှစ်ဖက်တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း အထိနာနေသည့် AA အကြမ်းဖက်အဖွဲ့ဝင်များအနေဖြင့် ယမန်နေ့မှစ၍ နိုင်ငံရေးအရ အမြတ်ထုတ်နိုင်ရန်အတွက် စစ်တွေမြို့အနီးရှိ အောင်မင်္ဂလာ၊ သင်ပုန်းတန်း၊ သက်ကယ်ပြင်၊ နာရီကန်၊ ရွာသစ်ကျေးရွာများအား လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

(မင်းပြားမြို့)

တတက ၉ (ကမ်းနီ) လေ့ကျင့်ရေးကျောင်း လုံခြုံရေးကင်းစခန်းများနှင့် တာဝါတိုင်ကုန်းတို့အား AA အကြမ်းဖက်အဖွဲ့မှ လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်လျက်ရှိရာ ယနေ့နံနက်ပိုင်း ၁၀ နာရီခန့်မှစ၍ အဆက်အသွယ်များပြတ်တောက်ခဲ့ကြောင်း သိရှိရသည်။

(မောင်တောမြို့နယ်)

ယနေ့နံနက်ပိုင်း ၇နာရီအချိန်ခန့်မှစ၍ ကြိမ်ချောင်း ဘုရားကုန်းစခန်းအား AA အကြမ်းဖက်အဖွဲ့မှ လက်နက်ကြီး/ငယ်များဖြင့် လာရောက်တိုက်ခဲ့သဖြင့် ၁၀ မိနစ်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရှိရသည်။