“ရဲရဲတက်၊ ရဲရဲတိုက်၊ ရဲရဲချေမှုန်း” ဆိုသည့် တိုက်ပွဲဝင်စိတ်ဓာတ်ရှိရမည်

မိမိတို့တပ်မတော်သားများသည် တိုင်းပြည်ကိုကာကွယ်ရန် မိမိဆန္ဒအလျောက် တပ်မတော်သို့ ဝင်ရောက်လာသူများ ဖြစ်သည့်အတွက် တိုက်ပွဲဝင်ရာတွင် “ရဲရဲတက်၊ ရဲရဲတိုက်၊ ရဲရဲချေမှုန်း” ဆိုသည့် တိုက်ပွဲဝင်စိတ်ဓာတ်ရှိရမည်ဟု ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

ဒီဇင်ဘာ ၁၁ ရက် နံနက်ပိုင်းက ပြင်ဦးလွင်မြို့ တပ်မတော်နည်းပညာတက္ကသိုလ် စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်သည့် တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၅) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားသို့ တက်ရောက်မိန့်ခွန်း ပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။