ရော်နယ်ဒို တစ်ယောက် ဇရာက စကားပြောနေပြီလား?

သန်စွမ်းတဲ့အချိန်က ကမ္ဘာတစ်ခုလုံးသိမ်းခဲ့တဲ့စစ်သည်‌တော်တစ်ယောက်လည်း

စစ်ပွဲတစ်ပွဲအရေးနိမ့်တဲ့အခါမှာ သူရဲ့အရာအားလုံးကို ဆုံးရှံးသွားရတယ်လို့ဆိုခဲ့တဲ့အတိုင်းပါပဲ Cristiano တစ်ယောက်ရဲ့ နေ၀င်ချိန်ဟာတဖြည်းဖြည်းအနီးဆုံးအနေအထားကိုရောက်ရှိလာပြီလို့ဆိုရမှာပါ။

20ရာစုနှစ်တွေရဲ့အလွန်မှာ တောင်ပံတစ်လျှောက် မီးဟုံးဟုံးတောင်အောင်လောင်ကျွမ်းပြီး သေသပ်လှပလွန်းတဲ့ Step over တွေနဲ့ ကမ္ဘာကြီးကို ဆွဲဆောင်ခဲ့တဲ့ Cristiano တစ်ယောက်

အသက်အရွယ်ဇရာဆိုတဲ့ အရာကိုအဆိုးဆုံးရင်ဆိုင်ရတဲ့အချိန်ကိုလည်းရောက်ရှိလာပြီလို့ဆိုရမှာပါ။

တစ်ချို့ပရိတ်သတ်တွေရဲ့ရင်ထဲမှာတော့ Cristiano တစ်ယောက် Dribilling ဆွဲပြေးလာပြီဆိုရင် သူရဲ့သေသပ်လှပတဲ့ Movement တွေကို မျှော်လင့်နေတုံးဆိုပေမယ့် စိတ်ကူးနဲ့ လက်တွေမှာ ကွဲပြားနေတဲ့ Cristiano ရဲ့သွင်ပြင်တွေကြောင့် ပရိတ်သတ်တွေအတွက်ပါနာကျင်စေတာအမှန်ပါပဲ။

ဒါပေမယ့် Cristiano ဟာ ကမ္ဘာကြီးကို အောင်နိုင်တဲ့ ကစားသမားအဖြစ် အကြိမ်ကြိမ်ပြသခဲ့ပြီးဖြစ်သလို ဘယ်ကစားသမားမှရိုက်မချိုးနိုင်တဲ့ စံချိန်တွေလည်း အခါခါတင်ထားပြီးသားပါ။

အသက်အရွယ်ဆိုတဲ့အရာနဲ့ သာ ကစားသမားတစ်ယောက်ကို blame ကြေးဆိုရင်တော့ အသက် 30ကျော် နဲ့ Major League မှာ ငွေရှာနေတဲ့ကစားသမားအများကြီးဆိုတာသတိရဖို့လိုအပ်ပါလိမ့်မယ်။

Cristiano ရဲ့ Sky ရဲ့ interview နဲ့ ပြောခဲ့တဲ့ အဖြေလိုပါပဲ “ကျွန်တော့်ကိုမုန်းတဲ့သူတွေရှိနေမလားကျွန်တော်မသိဘူး? ကျွန်တော့်ကိုမကြိုက်တဲ့သူတွေဒါမှမဟုတ် မနှစ်သက်တဲ့သူတွေ နည်းနည်းတော့သည်းခံရပါဦးမယ် ဒါပေမယ့်နောက်နှစ်အနည်းအငယ်ကြာ သွားရင်တော့ သူတို့ကျွန်တော့်ကို ရှာတွေတော့မှာမဟုတ်ပါဘူး”ဆိုတဲ့

ဒီစကားလိုပါပဲ Cristiano အတွက်အချိန်ဟာသိပ်မကျန်တော့သလို သူအနားယူရမဲ့အချိန်ကို ရော်နယ်ဒို ရဲ့ ပရိတ်သတ်တွေ အနေနဲ့ မျက်ရေတွေနဲ့ကြည့်ဖို့အဆင်သင့်မဖြစ်သေးပါဘူး။

ရော်နယ်ဒိုရဲ့  ဖန်တွေအနေနဲ့ လည်း အခုချိန်ထိ သူရဲ့ သွင်းဂိုးတွေကိုကြည့်ဖို့ စောင့်မျှော်နေတုန်းပါပဲ။

 crd ; fb news