အရှေ့တောင်တိုင်းစစ်ဌာနချုပ်၏ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲ ကျင်းပ

ဇန်နဝါရီ – ၂၉ ရက်နေ့တွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၏ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ယမန်နေ့ ညနေပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ ဇမ္ဗူအေးဘုရားကုန်း၌ပြုလုပ်ရာ တိုင်းမှူးဗိုလ်ချုပ် မြတ်သက်ဦးနှင့်အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ပြိုင်ပွဲဝင်အသင်းများနှင့် ဒိုင်အဖွဲ့ဝင်များ တက်ရောက်ကြပြီး ပြိုင်ပွဲဝင်အသင်းများ၏ မြန်မာ့ ရိုးရာထမနဲထိုးပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးကာ ဆုရရှိကြသည့် အသင်းများအား တိုင်းမှူး နှင့် တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါတယ်။

          အဆိုပါ ထမနဲထိုးပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ်နှင့် မော်လမြိုင်တပ်နယ်၊ မုဒုံတပ်နယ်တို့မှ ပြိုင်ပွဲဝင်အသင်း ၁၇ သင်းဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သတင်းရရှိပါတယ်။