ရုရှား-မြန်မာ နှစ်နိုင်ငံ ဗိုလ်လောင်းများ ရေကူးပြိုင်ပွဲတွင်ယှဉ်ပြိုင်ခဲ့သူများပြန်လည်ရောက်ရှိ

မြန်မာ့တပ်မတော်နှင့် ရုရှားတပ်မတော် နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုပိုမိုခိုင်မာ အားကောင်းလာစေရန် ရည်ရွယ်၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ၊ စိန့်ပီတာစဘတ်မြို့ရှိ ရုရှားတပ်မတော်အားကစားတက္ကသိုလ်၌ စက်တင်ဘာ ၅ ရက်မှ ၁၀ ရက်အထိ ကျင်းပပြုလုပ်သည့် ရုရှား-မြန်မာ နှစ်နိုင်ငံ ဗိုလ်လောင်းများ ရေကူးပြိုင်ပွဲ(Russia- Myanmar Cadets Swimming Competition)သို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြ သည်။

ရေကူးပြိုင်ပွဲကို  စက်တင်ဘာ ၅ ရက်မှ ၁၀ ရက်အထိ ပြိုင်ပွဲအမျိုးအစား ၁၅ မျိုးဖြင့် ကျင်းပယှဉ်ပြိုင်ခဲ့ကြပြီး မြန်မာ့တပ်မတော်မှ ပြိုင်ပွဲဝင်ဗိုလ်လောင်းများအနေ ဖြင့် ရွှေတံဆိပ် ၁ ခု၊ ငွေတံဆိပ် ၃ ခု၊ ကြေးတံဆိပ် ၁၂ ခု ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ကာ တာဝန်ရှိသူများက ဆုတံဆိပ်များ အသီးသီးပေးအပ်ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။