ရုရှားနိုင်ငံသား တစ်သိန်းခွဲကို စစ်မှုထမ်းခေါ်ယူမည့် အမိန့်တစ်ရပ် ပူတင်လက်မှတ်ရေးထိုး

ရုရှားနိုင်ငံရဲ့ နွေဦးရာသီ ပုံမှန်စစ်မှုမထမ်းမနေရ အစီအစဉ်အရ ရုရှားနိုင်ငံသား တစ်သိန်းငါးသောင်းကို ခေါ်ယူမယ့် အမိန့်တစ်ရပ်ကို ရုရှားသမ္မတ ဗလက်ဒီမာပူတင်က လက်မှတ်ရေးထိုးလိုက်တယ်လို ကရင်မလင်ဝက်ဘ်ဆိုက်ကနေ တနင်္ဂနွေနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

သမ္မတပူတင် လက်မှတ်ရေးထိုးလိုက်တဲ့ အဲဒီအမိန့်အရ အသက် ၁၈ နှစ်နဲ့ အသက် ၃၀ အကြားရှိတဲ့ ရုရှားနိုင်ငံသားတွေထဲက လက်ရှိ အရန်အင်အားမှာရှိနေသူတွေကလွဲရင် အားလုံးဟာ စစ်မှုမထမ်းမနေရ အစီအစဉ်မှာ အကျုံးဝင်ကြမှာဖြစ်ပြီး အသက်၁၈ နှစ်အထက် အမျိုးသားတွေဟာ တစ်နှစ်ကြာ စစ်မှုထမ်းခြင်း ဒါမှမဟုတ် အဆင့်မြင့်ပညာ သင်ကြားနေစဉ်အတွင်း ယင်းနှင့်တန်းတူတဲ့ သင်တန်းတက်ရောက်ကြရမှာဖြစ်တယ်လို့လည်းသိရပါတယ်။ #Crd