ရန်ပုံငွေပဒေသာ ဖျော်ဖြေပွဲကြီး

မိုခါမုန်တိုင်းဒဏ်ခံစားရသော ပြည်သူများကို ထောက်ပံ့ကူညီနိုင်ရန်အတွက် ရုပ်ရှင်၊ ဂီတ၊ သဘင် အစည်းအရုံးများ ပူးပေါင်းကျင်းပသော ရန်ပုံငွေပဒေသာဖျော်ဖြေပွဲကြီး ၂၀၂၃ ခုနှစ်၊ ဇွန်လ( ၂ ၊ ၃ ၊ ၄ )ရက်နေ့များတွင်ရန်ကုန်မြို့၊ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ၌ ကျင်းပပြုလုပ်မည်ဖြစ်သည်။

ဖျော်ဖြေပွဲလက်မှတ်များကို ကျပ်(၃၀၀၀၀)၊ ကျပ်(၂၀၀၀၀)၊ ကျပ် (၁၀၀၀၀) ၊ ကျပ်(၅၀၀၀) ဖြင့် (၃၀. ၅. ၂၀၂၃)ရက်နေ့မှစ၍ အမှတ် (၁၆)၊ ဝင်္ကဘာလမ်း၊ ဗဟန်းမြို့နယ်ရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတွင် နံနက် (၁၀)နာရီမှ ညနေ (၅) နာရီအတွင်း ရောင်းချပေးသွားမည်ဖြစ်သည်။