ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၉၄/၂)တွင် ခရီးသည်တင်ယာဉ် တံတားလက်ရမ်းအားတိုက်မိ

၄.၄.၂၀၂၃ ရက်နေ့၊ ၀၀ ၃၀ အချိန်ခန့်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၉၄/၂) တွင် အောင်ကျော်မိုးခရီးသည်တင်ယာဉ်သည် တံတားလက်ရမ်းအားတိုက်မိမှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် ပလွေးအမြန်လမ်းမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ကျား(၂၇)ဦး၊ မ(၂၈)ဦး၊ စုစုပေါင်း(၅၅)ဦးအနက် ကျား(၃)ဦးထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)၊ ကျား(၁)ဦး(သေဆုံး) တို့အားနေပြည်တောင်ကုတင်(၁၀၀၀)ဆေးရုံကြီး သို့ပို့ဆောင်ပေးခဲ့ပါသည်။ ကျန် ခရီးသည်များမှာ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းသိရှိရပါတယ်။