ရန်ကုန်လွှတ်တော်ဝန်းအတွင်း လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ဆိုတဲ့ သတင်းအမှား

ရန်ကုန်တိုင်းအစိုးရရုံးစိုက်ရာ ရန်ကုန်လွှတ်တော်ဝန်းအတွင်းသို့ ရန်ကုန်အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က စက်တင်ဘာလ ၉ ရက် နံနက် ၄ နာရီ ၃၀ မိနစ်ခန့်က လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Mizzima မှ ရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ စက်တင်ဘာလ ၉ ရက်နေ့ ရန်ကုန်တိုင်းအစိုးရရုံးစိုက်ရာ ရန်ကုန်လွှတ်တော်ဝန်းအတွင်းပေါက်ကွဲမှုအပါအဝင် လက်နက် ကြီး ကျရောက်ပေါက်ကွဲခဲ့ခြင်းပါ မရှိကြောင်း ဒေသတွင်းသတင်းများအရ သိရှိခဲ့ရပါတယ်။ Mizzima မှ ဖြစ်စဉ်မရှိဘဲ အများပြည်သူ အထိတ်တလန့်ဖြစ်အောင်သာမက လူအထင်ကြီးအောင် စိတ်ကူးပုံဖော်လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။