ရန်ကုန်မှာ ဗဟိုမဏ္ဍပ်အပါအဝင် ရေကစားမဏ္ဍပ်ပေါင်း (၂၀၀)ကျော်ဖြင့် ကျင်းပသွားမည်

ရန်ကုန်တိုင်းမှာ ဗဟိုမဏ္ဍပ်အပါအဝင် ရေကစားမဏ္ဍပ်ပေါင်း ၂၀၀ ကျော်နဲ့ ကျင်းပသွားဖို့ စီစဉ်နေတယ်လို့ သတင်းထုတ်ပြန်ချက်များအရ သိရပါတယ်။
ရန်ကုန်တိုင်းမှာ သင်္ကြန်ပွဲတော် ကျင်းပနိုင်ဖို့အတွက် ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီလ ၁ ရက်နေ့က တိုင်းအစိုးရအဖွဲရုံးမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ရန်ကုန်ရှိ ခရိုင်နဲ့ မြို့နယ်များမှာ ဗဟိုမဏ္ဍပ် ၄၃ ခုအပြင် ရေကစားမဏ္ဍပ် ၁၇၆ ခုနဲ့ လမ်းလျှောက်သင်္ကြန် ၂ ခုတို့ ဖြင့် ကျင်းပသွားဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။
ဒါ့ပြင် ဌာနဆိုင်ရာ ရေကစားမဏ္ဍပ် ၁၀ ခု၊ လမ်းလျှောက်သင်္ကြန် တစ်ခုနဲ့ ဖျော်ဖြေရေးမဏ္ဍပ် တစ်ခုအပြင် မြို့တော်ခန်းမမှာ မဏ္ဍပ်နဲ့ လမ်းလျှောက်သင်္ကြန်ကို ဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။
သင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြဖို့နဲ့ လုံခြုံရေး အထူးဂရုပြုကြဖို့ တိုင်းဝန်ကြီးချုပ်က ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။