ရန်ကုန်မန္တလေးအမှတ် (၃) အဆန်ရထားကို KNU အဖွဲ့နှင့် PDF အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲ

ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ဇေယျဝတီဘူတာနှင့် ညောင်ခြေထောက်ဘူတာကြား၊ ရထားလမ်းမိုင်တိုင်အမှတ် ၁၄၂ မိုင် ၉ ဖာလုံနှင့် ၁၀ ဖာလုံကြားတွင် မတ်လ ၂၂ ရက်နေ့ နံနက် ၁၂ နာရီ ၅၀ မိနစ်အချိန်၌ ရန်ကုန်-မန္တလေးအမှတ် (၃) အဆန်ရထားကို KNU အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများနှင့် ပီဒီအက်(ဖ်) အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် ခရီးသည် ၂ ဦးဒဏ်ရာရခဲ့ကြောင်းသိရသည်။