ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ် ၁၃ ခုကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြုပေးခဲ့

ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ် ၁၃ ခုကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြုပေးခဲ့ပါတယ်။

အဆိုပါလုပ်ငန်းများရဲ့ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၉၈ ဒသမ ၀၁၇ သန်းနှင့်ငွေကျပ် ၁၆၇,၃၆၆ ဒသမ ၃၉၉ သန်းဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင်

အခွင့်အလမ်းပေါင်း ၅,၆၈၅ ခုကို ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်။

ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ (၄/၂၀၂၂) ကြိမ်မြောက်အစည်းအဝေးကို အောက်တို ဘာ ၂၁ ရက်က ကျင်းပခဲ့ပြီး ခွင့်ပြုပေးခဲ့တာပါ။

အစည်းအဝေးမှာ ဆောင်ရွက်ဆဲရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၁၁)ခု၏ မတည်ငွေရင်း တိုးမြှင့်ခြင်းအပါအဝင် လျှပ်စစ်ကဏ္ဍ၊ စက်မှုကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊

ဟိုတယ်နှင့် ခရီးသွားကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍနှင့်အိမ်ရာအဆောက်အဦကဏ္ဍတိုမှ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ်(၁၃)ခုကို ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ် စက်တင်ဘာလကုန် အထိ မြန်မာနိုင်ငံတွင်ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ/ဒေသပေါင်း ၅၂ ခုအနက် ရင်းနှီး မြှုပ်နှံမှုအများဆုံးပြုလုပ်သော နိုင်ငံ/ဒေသများမှာ စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတိုဖြစ်ကြပါတယ်။