ယနေ့တိုင်းဒသကြီး/ပြည်နယ်အလိုက် စက်သုံးဆီဈေးနှုန်းများ

“ဒီဆယ်ဈေး ၆၀ ကျပ်ဝန်းကျင်အထိ ပြန်တက်လာသလို ဓာတ်ဆီ ဈေး ၇၅ ကျပ်ဝန်းကျင် ပြန်တက်”

ယနေ့ (နိုဝင်ဘာ ၁၂ ရက်) မှာတွေ့ရတဲ့ ရန်ကုန်မြိုနဲ့ မန္တလေးမြိုတို့မှ ရည်ညွှန်းလက်ကားဈေးနှုန်းများနဲ့ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြိုတော်များမှ ရည်ညွှန်းလက်လီဈေးနှုန်းများဖြစ်ပါတယ်။

ယမန်နေ့မှာ တစ်လီတာ ၇၀ ကျပ်ဝန်းကျင်အထိ ကျဆင်းခဲ့တဲ့ 92 Ron ဟာ ယနေ့မှာ ၇၅ ကျပ်ဝန်းကျင်အထိ ပြန်တက်လာခဲ့တာကြောင့် ၂၀၀၀ ကျပ်အထက်ကို ပြန်လည်ရောက်ရှိခဲ့တာ တွေ့ရပါတယ်။

အလားတူ 95 Ron လည်း တစ်လီတာကို ၇၀ ကျပ်ဝန်းကျင် ပြန်တက်လာသလို ဒီဆယ်ဈေးနှုန်းတွေဟာဆိုရင် ၆၀ ကျပ်ဝန်းကျင်အထိ ပြန်တက်လာတာ တွေ့ရပါတယ်။