လူတွေရဲ့ ကံ ဆိုတာ…

ကျွန်မတို့အိမ်မှာသုံးနေတဲ့ ရေကန်နဲ့အတူတူပါပဲ။ ရေကန်ထဲကရေဟာ သုံးပြီးရင် ထပ်ဖြည့်ရသလို လူတွေရဲ့

ကံဟာလည်း ကုသိုလ်တရားတွေ ထပ်ဖြည့်ပေးဖို့ လိုပါတယ်။ ကောင်းမှုကုသိုလ်ကို ထပ်မဖြည့်ရင် အဲဒီလူဟာ
သက်တမ်းမကုန်ခင် အကုသိုလ်ကံသက်ရောက်လာတတ်ပါတယ်။ မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့သော

သေခြင်းလေးမျိုးထဲက သက်တမ်းမကုန်ခင် ကောင်းမှုကုသိုလ်ကံထပ်မဖြည့်လို့ သေရတဲ့ သေခြင်းပါ ။

ဘုရားရှင်လက်ထက်က သုံးနှစ်အတွင်း သေမယ့် ပုဏ္ဏားတစ်ဦးဟာ လက်ငင်းအကျိုးပေးနိုင်တဲ့

အလှူဒါနကောင်းမှုကုသိုလ်တွေကို လုပ်တဲ့အတွက် သုံးနှစ်အတွင်း မသေ ပဲ အသက် ဆက်ရှင်သန်ခဲ့ပါတယ်။

ဝသဘမင်းဟာ တစ်ဆယ့်နှစ်နှစ်သာ နန်းစံရပေမဲ့ကုသိုလ်ကံတွေ ပြုလုပ်တဲ့အတွက် လေးဆယ်နှစ်နှစ်တောင်နန်းစံသွားရပါတယ်။

ဒါတွေဟာ ကောင်းမှုကုသိုလ်ထပ်ဖြည့်လို့ ကံဆက်တဲ့ သာဓက နှစ်ခုပါပဲဆိုပြီး ကျေးဇူးတော်ရှင် ပါချုပ်ဆရာတော်ဘုရားကြီးက

ဟောကြားခဲ့ပါတယ်။ ရှင်သန်နေတဲ့အချိန်လေးမှာ တတ်နိုင်သ‌လောက်ကုသိုလ်ဒါနပြုပြီး မင်္ဂလာရှိတဲ့နေ့ရက်တိုင်းကို

ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ရှင်…