မွေးမေ့ကိုယ်ပွား

========
ရှေ့တန်းမြေဆီ ထွက်စဉ်တိုင်းမှာလ
အမေကမ်းဝေထဘီ အထက်ဆင်တစ်ပိုင်းကိုဖြင့်
လက်တွင်သိုင်းလို့ ချည်ခဲ့မြဲကွယ်။
အေတြးပြားပါရဲ့
ဘေးနားမှာ အမေရှိတယ်လို့
အသိဝယ် ငြိတွယ်မှန်းကာပ
အန္တရာယ် ရန်စွယ်လွှမ်းသော်လည်း
လှန်ဖယ်ကာ မကြောက်တမ်း
လျှောက်လှမ်းခဲ့တယ်။
နှစ်တွေကြာပြီ
စစ်မြေမှာ အားဖြစ်တည်လို့
သားစစ်သည် အောင်ပွဲဖြာခဲ့ပါလည်း
အရောင်မွဲကာ ပျက်ချင်သေးသပ
အထက်ဆင်လေး အသွင်မထယ်
အမြင်ဝယ် နွမ်းသော်ငြား။
ဖြေတွေးလေလျှင်
အမေပေးဝေ မေတ္တာတန်ခိုးပါပဲ
ဘေးဆိုးကြုံ ရန်စွယ်ပြွမ်းသော်လည်း
အန္တရာယ်လမ်းမှာ အသက်ရှင်ခဲ့တာမို့
အထက်ဆင် အသွင်မထယ်ကလေးပေမယ့်
မပျက်အစဉ် ရင်ဝယ်ထွေးရတယ်
မွေးမေ့ကိုယ်ပွား။ ။
#ပုလောစိုးနံ့သာ