မြောက်ကိုရီးယားဒုံးကျည်များ၏လုပ်နိုင်စွမ်းကို မကြာမီလူတိုင်းသိရမည်ဟုဆို

မြောက်ကိုရီးယားဒုံးကျည်များ၏ စွမ်းဆောင်ရည်အပေါ်သံသယဝင်သူများအတွက် ထိုဒုံးကျည်များ၏ လုပ်နိုင်စွမ်းကို
မကြာမီလူတိုင်းသိရမည်ဟု မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်၏ညီမကပြောသည်။ မြောက်ကိုရီးယား
ခေါင်းဆောင်၏ ညီမဖြစ်သည့်အပြင် အာဏာရအလုပ်သမားများပါတီ ဗဟိုကော်မတီ၏ ဌာနတစ်ခုမှ ဒုတိယညွှန်ကြား
ရေးမှူးဖြစ်သည့် ကင်ယိုဂျောင်က ယခုကဲ့သို့ပြောခြင်းဖြစ်သည်ဟု နိုင်ငံပိုင်သတင်းဌာနက ဖော်ပြထားခြင်း ဖြစ်သည်။
မြောက်ကိုရီးယားနိုင်ငံက ယခုနှစ်အတွင်းနှင့် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အမြင့်ပျံဒုံးကျည်စမ်းသပ်ပစ်ခတ်မှုများကို
လုပ်ဆောင်ထားပါတယ်။
မြောက်ကိုရီးယားဒုံးကျည်များနှင့် ဂြိုဟ်တုများ၏စွမ်းဆောင်ရည်အပေါ် မေးခွန်းထုတ်လာသည့် တောင်ကိုရီးယားနှင့်
ပြည်ပမှကျွမ်းကျင်ပညာရှင်များကို တုံ့ပြန်ဝေဖန်လိုက်သည့် ဆောင်းပါးတစ်ပုဒ်တွင် ကင်ယိုဂျောင်က ပြောထားခြင်း
ဖြစ်ပါတယ်။
မြောက်ကိုရီးယားကစမ်းသပ်ခဲ့သည့် ဂြိုဟ်တုစနစ်များ၏ ပုံမှန်လုပ်ငန်းများကိုလုပ်ဆောင်နိုင်စွမ်းအပေါ် သံသယဝင်ကြောင်း
အမည်ဖော်ပြထားခြင်းမရှိသည့် ပြည်ပကျွမ်းကျင်ပညာရှင်များ၏ ထုတ်ပြန်ချက်များကိုလည်း ကင်ယိုဂျောင်ကငြင်းချက်
ထုတ်ထားပါတယ်။
မြောက်ကိုရီးယားနိုင်ငံအနေဖြင့် မည်သည့်နိုင်ငံ၏ အရေးယူပိတ်ဆို့မှုကိုမျှ စိုးရိမ်ထိတ်လန့် ကြောက်ရွံ့ခြင်းမရှိကြောင်း
ကင်ဂျုံအွန်၏ ညီမကပြောသည်ဟု သိရှိရပါတယ်။