မြန်မာ-ရုရှားပူးပေါင်းဖွင့်လှစ်သည့် နျူကလီးယားနည်းပညာသတင်းအချက်အလက်စင်တာဖွင့်လှစ်

မြန်မာနိုင်ငံ၊သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန နှင့်ရုရှားနိုင်ငံပိုင် အဏုမြူစွမ်းအင် ကော်ပိုရေးရှင်းတို့ပူးပေါင်း၍ ရန်ကုန်၌ နျူကလီးယားနည်းပညာသတင်းအချက်အလက်စင်တာအား ဖေဖော်ဝါရီ ၆ ရက်နံနက်ပိုင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌမှ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

နျူကလီးယားနည်းပညာသတင်းအချက်အလက်စင်တာဆိုင်းဘုတ်အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် ရုရှားနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်းမှ Director of General , Mr.Alexey Likhachev တို့က စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌမှ စင်တာအတွင်းလှည့်လည်ကြည့်ရှုပြီးနောက် အဖွင့်အမှာစကားပြောကြားကာ ရုရှားနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်းမှ Director of General , Mr.Alexey Likhachev မှလည်း ဂုဏ်ပြုအမှာစကားပြောကြားခဲ့ကြောင်းသိရှိရပါတယ်။