မြန်မာ့နှစ်သစ်ကူး အထူးဓမ္မသဘင် ကျင်းပမည်

မြန်မာ့နှစ်သစ်ကူး အထူးဓမ္မသဘင်ကို မြန်မာနှစ်ဆန်းတစ် ရက်နေ့ဧပြီ (၁၇) ရက်မှ ဧပြီ (၁၉) ရက်အထိ ညစဥ် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မြန်မာ့နှစ်သစ်ကူး အထူးဓမ္မသဘင်ကို ရန်ကုန်မြို၊ ပြည်သူ့ရင်ပြင်၌ ညစဥ် ၇နာရီတွင်ကျင်းပသွားမည်ဖြစ်သည်။

ဧပြီ (၁၇) ရက် မြန်မာနှစ်ဆန်း (၁) ရက်နေ့တွင် နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေကျင်သာသနာပိုင် သီတဂူဆရာတော်ကြီး ဒေါက်တာ အရှင်ဉာဏိဿရ၊ ဧပြီ (၁၈) ရက် မြန်မာနှစ်ဆန်း (၂) ရက်နေ့တွင် မဇ္ဈိမဂုဏ်ရည်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကောဝိဒနှင့် ဧပြီ (၁၉) ရက် မြန်မာနှစ်ဆန်း (၃) ရက်နေ့တွ င် အောင်ဆန်းဆရာတော် ဒေါက်တာ ဘဒ္ဒန္တသဒ္ဓမ္မ ကိတ္တိသာရတိုက တရားဓမ္မဟောကြားတော်မူမည်ဖြစ်ကြောင်း သိရသည်။