မြန်မာရှိ အွန်လိုင်း ငွေလိမ်ဂိုဏ်းမှာပါဝင်သူ ၂၄ ဦးကို တရုတ်ထံလွှဲပြောင်း

မြန်မာမှာ အင်တာနက်အသုံးပြုပြီး အွန်လိုင်းကနေ လိမ်လည်တဲ့ တရုတ်နိုင်ငံသား ၂၄ ဦးကို ၄ ရက်အတွင်း တရုတ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်လိုက်တယ်လို့ ရန်ကုန်ရှိ တရုတ်သံရုံးကပြောပါတယ်။

ဒီကနေ့ ဩဂုတ် ၂၆ ရက်နေ့တွင်လည်း ဆက်သွယ်ရေးလိမ်လည်မှုဖြင့် သံသယရှိသူ ၅ ဦးကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ တရုတ်ရဲအဖွဲ့ထံ မြန်မာနိုင်ငံရဲတပ်ဖွဲ့က လွှဲပြောင်းပေးအပ်ခဲ့ပြီး တရုတ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့တယ်လို့ဆိုပါတယ်.

ယခုအချိန်အထိ ဆက်သွယ်ရေးလိမ်လည်မှုဖြင့် သံသယရှိသူ စုစုပေါင်း ၂၄ ဦးကို ၄ ရက်အတွင်း တရုတ်နိုင်ငံသို့ ပြန်လည်ခေါ်ဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်။