မြင်းခြံမြို့နယ်တွင် NLDပါတီထောက်ခံသူအား ရိက္ခာမပိုပေးသည့်အတွက် PDFအဖွဲ့မှသတ်ဖြတ်

၂၀၂၃ခုနှစ် မတ်လ ၂ရက်နေ့ ၀၉၀၀ အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြိုနယ်၊ ကန်ဆွယ် ကျေးရွာနေ စိန်မန်း(ခ)ကိုငယ်၊ ၃၁ နှစ်၊ ဗမာ/ဗုဒ္ဓ၊ တောင်သူ လုပ်ကိုင် သူသည် နေအိမ်၌ရှိနေစဉ် အကြမ်းဖက်သမားကျား ၅ ဦးမှ ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိ လာပြီး ပစ္စတိုဖြင့် ၁ ချက်ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ စိန်းမန်း(ခ)ကိုငယ်တွင် ဦးခေါင်းငယ်ထိပ်ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်ဖြင့် နေရာတွင် သေဆုံးခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်ဖြစ်ပွားရာသို လုံခြုံရေးတပ်ဖွဲဝင်များမှ သွားရောက်စစ်ဆေးခဲ့ရာ ဖြစ်စဉ်အနီးမှ USA-380 Auto ကျည်ခွံ ၁ ခု သိမ်းဆည်းရမိခဲ့ပြီး သေဆုံးသူ စိန်မန်း(ခ)ကိုငယ်သည် NLD ပါတီအား ထောက်ခံအားပေးသူ တစ်ဦးဖြစ်ကြောင်း၊ ယခင်က PDF အကြမ်းဖက်အဖွဲအား ရိက္ခာများသွား ရောက်ပိုဆောင်နေသူဖြစ်ပြီး ယခုအခါ ရိက္ခာများပိုဆောင်ပေးရန် ခိုင်းစေသည်ကို ငြင်းဆန်သည့်အတွက်ကြောင့် PDF အကြမ်းဖက်အဖွဲများမှ သတ်ဖြတ်ခြင်းဖြစ် ကြောင်းနှင့် ဖြစ်စဉ်မှ တရားခံများအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။