မုံးပေါ်ဒေသတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွား

အောက်တိုဘာ ၂၃ ရက်
ရှမ်းပြည်မြောက်ပိုင်း၊ မုံးပေါ်ဒေသတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး
လုံခြုံရေးတပ်ဖွဲ့ဝင်များက TNLA များ အခြေပြုသည့် တောင်ကုန်းအား အသေးစိတ်ရှင်းလင်းနေစဉ်
TNLA ၇ ဦးခန့် က လက်နက်ကြီးများဖြင့် လာရောက်ပစ်ခတ်ခဲ့သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ
TNLA များ ဆုတ်ခွာထွက်ပြေးသွားခဲ့ပါတယ်…
၎င်းတောင်ကုန်းမှ-
-ကျည်အိမ် ၂ ခု
-ကျည် ၃၅၀ တောင့်
-ပစ်ကျင်း ၆၉ ကျင်း
-ဆက်သွယ်ရေးမြောင်း ၁၈၀၀ ပေ
-ခြံစည်းရိုး ၂ ထပ် သစ်လုံးဘန်ကာ ၆ လုံး
-တဲ ၁၂ လုံး
-တန်းစီကွင်း ၁ ကွင်း
-လား/မြင်းခြံ ၁ ခြံ
-လား/မြင်း ကုန်းနှီး ၇ ခု
-ပြောက်ကျားယူနီဖောင်း ၂ စုံ
-ဆန် ၅ အိတ်
-လက်ထိပ် ၁ ခု သိမ်းဆည်းရမိခဲ့ပြီး တပ်မတော်ဘက်က စစ်သည် ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့ဟု သိရှိရပါတယ်…