မုဒုံမြို့နယ်ရှိ စေတီ ၇ ဆူတွင် ဆက်ကပ်ပူဇော်မည့် မသိုးသင်္ကန်းများအား ယနေ့စတင်ရက်လုပ်လျက်ရှိ

မွန်ပြည်နယ်၊ မုဒုံမြို့နယ်အတွင်းရှိ စေတီတော် ၇ ဆူအား နိုဝင်ဘာ ၆ ရက် (ယနေ့) ညနေပိုင်း၌ ဆက်ကပ်ပူဇော်မည့် မသိုးသင်္ကန်းများအား မုဒုံမြို့ရှိ သမိုင်းဝင် ဆံတော်ရှင်ကန်ကြီးစေတီတော်ဝင်းအတွင်း ရက်လုပ်လျက်ရှိပါတယ်။

မသိုးသင်္ကန်းရက်လုပ်ခြင်းအား ယနေ့နံနက် ၆ နာ ရီမှစတင်ကာ ရက်ကန်းစင် ၄ စင်ဖြင့် (၉၆)ကြိမ်မြောက်အဖြစ် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

ရက်လုပ်ရရှိလာသည့် မသိုးသင်္ကန်းများအား မုဒုံမြိုနယ်အတွင်းရှိ ကန်ကြီးစေတီတော်၊ နောင်တော်ကြီးစေတီတော်၊ သင်္ဘောဦးစေတီတော်၊ ကျိုက်ကမော့လေးတောင်ပေါ်စေတီတော်၊ တောင်ခြေစေတီတော်၊ ဆုတောင်းပြည့်စေတီတော်နှင့် ပြည်တော်အေးဆုတောင်းပြည့်စေတီတော်တို့တွင် ညနေ ၆ နာရီတွင် ဆက်ကပ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။