မိမိကိုထောက်ခံသူတွေကိုပါ သတ်ဖြတ်လာတဲ့ PDF အကြမ်းဖက်များ

PDF အကြမ်းဖက်သမားများဟာ ငါနဲ့မတူငါ့ရန်သူဆိုပြီး လက်နက်အားကိုးနဲ့ အပြစ်မဲ့တဲ့ပြည်သူတွေကို ဖမ်းဆီး ရိုက်နှက် ညှင်းပန်းနှိပ်စက်ပြီး သတ်ဖြတ်နေတာ မကြာခဏကြားသိနေရတာ အားလုံးအသိအမြင်ပဲဖြစ်ပါတယ်။ ယခုလည်း သူတို့ကို အားပေးထောက်ခံပေးခဲ့တဲ့ အပြစ်မဲ့ပြည်သူတစ်ဦး နာမကျန်းဖြစ်နေတဲ့ မိအိုဖအိုကြီးတွေကို ရှာဖွေကျွေးမွေးနေတဲ့သူတစ်ဦးကို CDM မလုပ်လို့ ဒလန်ဆိုတဲ့ စွပ်စွဲချက်နဲ့ခေါင်းစဉ်တပ်ပြီး သတ်ဖြတ်သွားပြန်ပြီဖြစ်ကြောင်းသိရပါတယ်။ တစ်ချို့အင်တာနက်မရတဲ့ လိုင်းမမိတဲ့ကျေးရွာတွေမှာ အေးချမ်းစွာနေထိုင်လုပ်ကိုင်စားသောက်နေကြတဲ့ အပြစ်မဲ့ပြည်သူတွေဘယ်နှစ်ယောက်တောင် ဒလန်ဆိုပြီ သတ်ဖြတ်ခံနေရပြီလဲဆိုတာ စဉ်းစားသာကြည့်ကြပါလို့ ပြောလိုက်ပါရစေ.။