မန်ယူကစားသမား သရဲနီဟောင်းကြီး ဖလက်ချာတယောက် အသက် ၃၉ နှစ်ပြည့်မွေးနေ့

ဖာဂူဆန်တခေတ်မှာ သူသေဆိုရင်သေ၊ ရှင်ဆိုရင်ရှင်ဆိုတဲ့ ကစားသမားတွေရှိခဲ့ပါတယ်။ ဝက်စ်ဘရောင်း၊ အိုရှီးယားတို့လို ကစားသမားတွေ၊ ဆိုးလ်ရှားလို အရန်ခုံမှာ ပျော်ပျော်ကြီးထိုင်ပြီး ကစားပေးခဲ့တဲ့သူတွေ၊ ရွိုင်ယန်ဂစ်နဲ့ ပေါလ်စခိုးတို့လို ဖာဂီစိတ်တိုင်းကျရင်ပြီးရောဆိုပြီး ကစားပေးခဲ့တဲ့သူတွေနဲ့ စသဖြင့်ပေါ့လေ။ အဲဒီလိုမျိုး နောက်ထပ်ကစားသမားတဦးက ဖလက်ချာပါပဲ။

တဲ့တဲ့ပြောမယ်ဆိုရင် ဖလက်ချာက ဖာဂီခေတ်က ယူနိုက်တက်လိုအသင်းမှာ ကစားဖို့အတွက် လုံလောက်တဲ့ ခြေစွမ်းမျိုးရှိတဲ့သူမဟုတ်ပါဘူး။ ပုံစံက ပျော့နွဲ့နွဲ့ဖြစ်တယ်၊ ပရိသတ်အကြိုက်အလှအပတွေကို မလုပ်ပြတတ်ဘူး၊ ကစားတာက ရိုးရှင်းလွန်းအားကြီးတယ်၊ တခါတလေ အူကြောင်ကြောင်လုပ်ရပ်တွေ ထလုပ်တယ်။ ဒါပေမယ့် သူ့ကောင်းကွက်က သူ့ကို ဘယ်နေရာကစားခိုင်း၊ကစားခိုင်း မငြင်းဘူး။ ဘယ်အချိန်ပဲ ထည့်ကန်ကန် သူ့မှာရှိတဲ့ အစွမ်းအစအကုန်ထုတ်သုံးပြီးကစားပေးခဲ့တဲ့သူ။

နည်းပြခိုင်းသမျှကို မညည်းမညူလုပ်တတ်တဲ့သူလို့ပြောရပါမယ်။ ဝင်မကန်ရလို့လည်း ပြသနာမရှိဘူး။ သူ့ကို ကစားခိုင်းတဲ့အချိန်မှာ တာဝန်ကျေအောင်ကစားပြမယ်။ ပြီးတော့ ထူးခြားချက်ကတော့ သူက ပွဲကြီးတွေမှာဆိုရင် ဂိုးသွင်းနိုင်တဲ့ ကစားသမားတဦး ဖြစ်နေတယ်။ ဒါကြောင့်လည်း သူ နှစ်ရှည်လများ အိုးထရက်ဖို့ဒ်မှာ ရှိနေခဲ့တာပေါ့။ တည်ငြိမ်တဲ့ခြေစွမ်းမျိုးကို သူ တည်ငြိမ်အောင်မထိန်းထားနိုင်တာက အားနည်းချက်ပဲ။

ဒါပေမယ့် ကစားသမားဘ၀မှာ အနေအေးတယ်၊ အသံမထွက်ဘူး၊ ကျရာတာဝန်ယူတာတွေက သူ့ရဲ့အားသာချက်တွေဖြစ်ခဲ့ပြီး ဖာဂူဆန် လက်လွှတ်မခံတဲ့သူတွေထဲက တယောက်ဖြစ်ခဲ့တာပါ။ အရင်ကတော့ သူ့ကို ဖာဂူဆန်ရဲ့ မွေးစားသားလို့တောင် ခေါ်ခဲ့ကြဖူးတယ်ထင်တယ်။ ဘယ်လိုဖြစ်ဖြစ်
အသင်းကနေ ရောင်းကိုမထုတ်တာ။ ဖာဂီက သူ့တခေတ်ကို တည်ထောင်နိုင်ခဲ့မှုမှာ ဘရောင်း၊ ဖလက်ချာ၊ အိုရှီးယားတို့လို ပြန်မပြော၊နားထောင်ကစားသမားတွေကို ပိုင်ဆိုင်ခဲ့တာလည်း တနည်းတဖုံပတ်သက်ခဲ့ပါတယ်။ ဒီကစားသမားတွေက သူ့အတွက် ဂျိုကာပဲ။

အခက်အခဲရှိတဲ့နေရာတွေမှာ ဝင်ကစားပေးပြီး ဟန်မပျက်အောင်ထိန်းပေးနိုင်တယ်။ နေရာစုံမှာ ကစားပေးနိုင်တယ်။ ခြေစွမ်းက လောက်လောက်လားလားမဟုတ်ပေမယ့် လုပ်အားနှုန်းကောင်းတဲ့သူတွေ။ ဘရောင်းဆို ယူနိုက်တက်မှာ ၁၃ နှစ်တောင် ကစားခဲ့တာပါ။ အောင်မြင်မှုတွေကလည်း အမှတ်ပေးဖလားတင် ၅လုံး၊ ချန်ပီယံလိဂ်က ၂ လုံးတောင်။ ဒီနေ့ကတော့ ဖလက်ချာတယောက် အသက် ၃၉ နှစ်ပြည့်ခဲ့ပါပြီ။ တချိန်က ယူနိုက်တက်ပရိသတ်တွေ ဆဲလိုက်ဆိုလိုက်၊ အားပေးလိုက်၊ချစ်လိုက်ဖြစ်ခဲ့ရတဲ့ သရဲနီဟောင်းကြီးရဲ့ မွေးနေ့ပါပဲ။

#credit ပေးပါသည်။