မန္တလေးဗဟိုအကျဉ်းထောင်မှ အကျဉ်းသား/အကျဉ်းသူ ၆၇၆ဦးကို ပြစ်ဒဏ်လွတ်ငြိမ်း ခွင့်ပြု

ဇန်နဝါရီ ၄ရက်က (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် မန္တလေးမြို့၊ အောင်မြေသာစံမြိုနယ်
ရှိ မန္တလေးဗဟိုအကျဉ်းထောင်မှ အကျဉ်းသား/အကျဉ်းသူ ၆၇၆ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်း သိရသည်။
အဆိုပါ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မန္တလေးဗဟို အကျဉ်းထောင်၌ကျင်းပရာ
မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်း၊ မန္တလေးတိုင်းဒေသကြီး
ရဲတပ်ဖွဲမှူး ရဲမှူးချုပ် စိန်လွင်နှင့် အကျဉ်းဦးစီးဌာန မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးချိုဝင်းထွန်းတို တက်ရောက်ခဲ့
ကြပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရ အကျဉ်းသားများကို ဆုံးမဩဝါဒစကားများ ပြောကြားကြသည်။
ထို့နောက် အကျဉ်းသား/ အကျဉ်းသူများကို အကျဉ်းထောင် တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး
နည်းလမ်းများဖြစ်သည့် အပူချိန်တိုင်းခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်းကို စနစ်တကျဆောင်ရွက်ပေးကာ ခရီးစရိတ်ငွေ
များပေးအပ်၍ အကျဉ်း ထောင်မှ လွှတ်ပေးခဲ့ကြသည်။
ထိုသို့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးရာတွင် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ(၄၀၁)၊ပုဒ်မခွဲ (၁) အရ နောက်တစ်ကြိမ်
ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသော
စည်းကမ်းသတ်မှတ်ချက်ဖြင့် ၎င်းတိုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပြု
လိုက်ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးအတွင်းအကျဉ်းထောင်(၅)ထောင် နှင့်အလုပ်စခန်း(၇)ခုရှိပြီး ယနေ့တွင် အမိန့် အရ အကျုံး
ဝင်ပြီး လွတ်ငြိမ်းချမ်းသာခွင့်ရရှိသည့် ၁၃၈၅ဦးကို လွှတ်ပေးခြင်း ဖြစ်ကြောင်း သိရသည်။