မင်္ဂလာရှိသော နံနက်ခင်းလေးပါ

ကြိုးစားနေသူတွေအတွက်

လောကမှာ…
အလုံးစုံ
ပြီးပြည့်စုံနေတဲ့သူရယ်လို့ ဘယ်သူမှ
မရှိပါဘူး ။

ဒီလိုပဲ
မပြည့်စုံခြင်းတွေကို အားငယ်မနေပဲ
တစ်နေ့ ပြည့်စုံလာရမယ်ဆိုတဲ့
ကြိုးစားမှုတွေနဲ
ရပ်တည်နေတဲ့သူတွေက များပါတယ် ။

အချိန်တိုင်း
ပျော်ရွှင်နေတဲ့သူလည်း မရှိပါဘူး။

အချိန်တန်ရင် ပျော်ရွှင်ခွင့်ရလိမ့်မယ်
ပျှော်ရွှင်မှုတွေကိုရှာဖွေရင်းနဲ့
လျှောက်လှမ်းနေတဲ့သူတွေလည်း
များပါတယ်။

အမြဲတမ်း
အဆင်ပြေနေတဲ့သူလည်းမရှိသလို
ကြိုးစားရင် ကြိုးစားသလောက်
အဆင်ပြေလာမှာဆိုတဲ့အတွေးတွေနဲ့

ဘဝကို
အရှုံးမပေးပဲ
ဇွဲသတ္တိ အပြည့်နဲ့
လျှောက်လှမ်းနေတဲ့သူတွေက များ
ပါတယ်။

ဘဝတစ်ခု
ပိုင်ဆိုင်ထားပြီဆိုရင်
ကောင်းမွန်တဲ့အရာတွေကိုသာ
ပိုင်ဆိုင်ချင်ကြတာတာ လူ့သဘာဝ
ပါပဲ။

ဘဝတစ်ခု
တည်ဆောက်ရာမှာ
အမှန်တကယ်ကြိုးစားပြီး
ရပ်တည်နေတဲ့သူတွေ ရှိကြသလို

အလွယ်လမ်းလိုက်ပြီး
သူတပါးကို
နင်းချေသွားတဲ့သူလည်း ရှိတတ်
ကြတယ်။

မိမိဘဝကို
သူတပါးလေးစားအားကျရတဲ့
စံပြဘဝတစ်ခုအဖြစ် ကြိုးစား
ရပ်တည်မလား။

ဒီလိုမှမဟုတ်
တခဏအောင်မြင်မှုကိုသာယာပြီး
အလွယ်နည်းနဲ့ရှင်သန်ချင်တာလား
ဆိုတာ
ကိုယ်ကိုယ်တိုင် ခွဲခြားပြီးတော့
ကိုယ့်ဘဝကို အသိသတိနဲ့လျှောက်
လှမ်းစေချင်တယ်။

ကိုယ့်ရဲ့
လေ့လာနိုင်စွမ်း ဇွဲသတ္တိနဲ့
ကြိုးစားမှုတွေကသာ
ကိုယ်လိုချင်တဲ့ဘဝပန်းတိုင်
အိပ်မက်တွေကိုအကောင်ထည်ဖော်
ပေးနိုင်ပါလိမ့်
မယ် ။

မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး
မဖြစ်သေးတာပဲ ရှိတယ်ဆိုတဲ့
စကားတွေလည်း ကြားဖူးကြမှာပါ ။

တကယ်လည်းကြိုးစားနေသူတွေ အတွက်
အောင်မြင်မှုတွေကလက်ကမ်းကြိုဆို
နေမှာပါ ။

✍️အရှင်ဇဝန (ရွှေကုန်းမြေ)✍️