မတ်လ ၁၇ ရက်နေ့ တိုက်ပွဲသတင်းများ

မတ်လ ၁၇ ရက်၊ ၂၀၂၄ ခုနှစ်။ 💥💥💥💥💥💥💥

ကချင်ပြည်နယ်

ဒေါ့ဖုန်းယန်မြို့ တိန်းဆင့်ရွာဟောင်းအား နယ်မြေရှင်းလင်းစဉ် နေရာ ၃ နေရာမှ KIAနှင့် PDF ပူးပေါင်းအင်အား ၈၀ ဦးခန့်က Drone ဖြင့် Drop Bomb ချခြင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ ဆောင်ရွက်ခဲ့သဖြင့် မိမိဘက်မှ တုန့်ပြန်တိုက်ခိုက်ခဲ့။

ဆွမ်ပရာဘွမ်စခန်းသို့ နေရာ ၃ နေရာမှ KIA နှင့် PDF ပူးပေါင်းအင်အား ၁၅၀ ဦးခန့်က Drone ဖြင့် Drop Bomb ချခြင်း၊ အင်အား ၁၀၀ ဦးခန့်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် လေကြောင်းပစ်ကူယူ၍ ပြန်လည်တိုက်ခိုက်ခဲ့။

စစ်ကိုင်း

ကလေးမြို့ နည်းပညာတက္ကသိုလ်၌ လုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့များအား နေရာ ၂ နေရာမှ PDF အင်အား ၁၀၀ ဦးခန့်က လာရောက်ပစ်ခတ်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့။

ပဲခူးတိုင်း

တောင်ငူမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော နေရာသို့ KNLA တပ်မဟာ ၂ ၊ ရင်း ၅ နှင့် PDF ၁၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့။

PDF ၁ လောင်း၊ အမ်(၂၂) ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၆ တောင့် သိမ်းဆည်းရမိခဲ့။