မင်္ဂလာရှိသော မနက်ခင်းလေးပါရှင်

ချစ်တဲ့သူတွေထွက်သွားရင်
ဘဝဟာ ပူလောင်ရတယ် ။

အားကိုးရတဲ့သူတွေခွဲသွားရင်
ဘဝဟာ စိုးရိမ်ရတယ် ။

ကိုယ့်ဘဝဖြစ်တည်မှုမှာ
ဘယ်သူမှအတူမရှိနိုင်ပါဘူး ။

အရင်နှင့်နောက်ဆိုသလို
တစ်ယောက်ပြီးတစ်ယောက်
လူ့ဘဝကနေဆင်းသွားကြရမှာပါ ။

အတူနေရမယ့် ကံကုန်သွားရင်
ထားသွားကြရမှာချည်းပါပဲ ။

နားလည်မှုလွဲလို့ ရှင်ကွဲရလည်း
စိတ်မကောင်းမဖြစ်ပါနဲ့ ။

ကံကုန်သွားလို့ သေခွဲရလို့လည်း
ဝမ်းနည်း ပူဆွေးမနေပါနဲ့ ။

တွေ့ဆုံပြီးရင် ခွဲကြရမှာဟာ
သဘာဝအမှန်တရားတစ်ခုပါ ။

ကိုယ့်ဘဝရဲ့ပူလောင်မှုတွေဟာ
ကိုယ်ငြိမ်းမှ ပျောက်မှာမို့

တရားအသိဉာဏ်လေးနဲ့
အမှန်သဘာဝတွေကိုလက်ခံပြီး

အေးချမ်းတဲ့ဘဝလေးရအောင်
ကိုယ့်ဘဝကိုပဲ ပြန်ကြိုးစားပါ ။

🙏🙏🙏သာရ ဂ ဝေ သီ🙏🙏🙏