မင်္ဂလာရှိသော နံနက်ခင်းလေးပါ

အချိန်ရရင် ရသလို

အပြောတွေကြောင့်

လူတွေရဲ့ အမုန်းကို ခံရလိမ့်မယ်
ဒါကြောင့်
စကားပြောတော့မယ်ဆိုရင်
ဆင်ချင်ပါ

လုပ်ရပ်တွေကြောင့်

ပတ်ဝန်းကျင်ရဲ့ ကြဉ်ဖယ်ခြင်းကို
ကြုံရလိမ့်မယ်
ဒါကြောင့်
အလုပ်တစ်ခုလုပ်တော့မယ်ဆိုရင်
ဂရုစိုက်ပါ

အတွေးတွေကြောင့်

ကိုယ့်ကိုယ်ကိုယ် နှိပ်စက်သလို
ဖြစ်လိမ့်မယ်
ဒါကြောင့်
တစ်ခုခုတွေးတော့မယ်ဆိုရင်
သတိထားပါ

ပတ်ဝန်းကျင်ဆိုတာ

လိုတဲ့သူက လိုသလိုပြောကြမယ်
မလိုတဲ့သူက မလိုသလိုပြောကြ
လိမ့်မယ်

ပတ်ဝန်းကျင်ကြောင့်ဆိုတာထက်

မိမိကြောင့်လည်း
မိမိဘဝ နိမ့်ကျမှုတွေ ဖြစ်သွားတတ်
သလို
အထီးကျန်မှုတွေလည်း ခံစားရတတ်
တယ်

ဒါကြောင့်

ကိုယ့်ကိုယ်ကိုယ်
အချိန်ရရင် ရသလို
ပြန်ပြီးသုံးသပ်ပါ ပြန်ပြီးဝေဖန်ပါ

🙏အရှင်ဇဝန (ရွှေကုန်းမြေ)🙏